ဖားကန့်တွင် မူးယစ်ဆေးဝါး သိန်း ၁၈၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
January 22, 2017
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဘဇံခြောက်ကျေးရွာမှာ ဇန်နဝါရီ ၁၈ ရက် မနက် ၆ နာရီခွဲက အသက်၂၅ နှစ်အရွယ်လူငယ်တဦးထံမှ မူးယစ်ဆေးဝါး ကျပ် သိန်း ၁၈၉၀ တန်ဖိုးဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရရှိပုံမှာ မိုးညှင်းခရိုင်မှ ရဲအုပ်မြင့်သူဦးစီးပြီး ဖားကန့် နယ်ထိန်းခေါင်းဆောင်ရဲအုပ် ခင်မောင်ဦးနဲ့ အဖွဲ့ဟာ ဆိပ်မူကျေးရွာအုပ်စု ဘဇံခြောက်ကျေးရွာနေ အားဖိန့် ၂၅ နှစ် နေအိမ်အား မယဆဝ ဝရမ်းအမှတ် ၁/၂၀၁၇ ဖြင့် ဝင်ရောက်ရှာဖွေရာ အားဖိန့်ကို နေအိမ်အိပ်ခန်းအတွင်း တွေ့ရှိရပြီး သံသေတ္တာအတွင်းမှ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါအမှုန့်အလေးချိန် ၁၂ ဂရမ်စီပါ ရောင်စုံဆပ်ပြာ ခွက် ၁၀၀ ခွက် စုစုပေါင်းအလေးချိန် ၁၂၀၀ ဂရမ်၊ ကာလတန် ဖိုးသိန်း တစ်ထောင့်တစ်ရာ လေးဆယ်သိန်းနဲ့ ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ (88/1)စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြားများ တအိတ်လျှင်အပြား ၂၀၀ စီ နဲ့ ၇၅ အိတ် စုစုပေါင်း ၁၁၄၀၀ ပြား၊ ကာလတန်ဖိုး ကျပ်သိန်း ၇၅၀ တန်ဖိုးတို့ကို ဖမ်းဆီး ရမိခဲ့ပါတယ်။
ရဲအုပ်မြင့်မြင့်သူမှ တရားလိုပြုလုပ်ပြီး အားဖိန့်ကို မယ(ပ)၁၃/၂၀၁၇ မူးစိတ်ပုဒ်မ ၁၅/၁၉(က)၂၀(က)/၂၁ နဲ့ အရေးယူ ဆောင်ရွက်နေပါတယ်။
မုန်းမုန်းမင်း