မင်းပြားတွင် ကုန်တင်ကားတစီး မီးလောင်မှုဖြစ်ပွား
DVB
·
January 7, 2017
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ကင်းဆိပ် ကားဂိတ်မှာ ကုန်တင်ကားတစီး ဇန်န၀ါရီ ၆ ရက်နေ့ ညနေပိုင်းက မီးလောင်းကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်းမှုကြောင့် ကားတစီးလုံး ပျက်စီးသွားပြီး ကုန်တင်ကားပေါ်မှာတင်ထားတဲ့ ကုန်ပစ္စည်းအားလုံး ဆုံးရှုံးသွား ပါတယ်။
ကားဂိတ်အဝန်းအတွင်း မီးလောင်နေရင်း အန္တရာဖြစ်မှာစိုးလို့ ကားကို အပြင်မောင်ထွက်ပြေးလို့ ဘေးပတ်ဝန်းက လူတွေတစုံတရာ ထိခိုက်ဒဏ်ရာရှိတာမရှိဘူးလို့ မင်းပြားမြို့မီးသတ်ဌာနက ဒီဗွီဘီ ကို ပြောပါတယ်။
“ကားက ဘယ်လိုစလောင်တယ်ဆိုတာ ကျနော်တို့စုံစမ်းနေတုန်းဖြစ်ပါတယ်။ အဲ့ဒီကုန်ကားမှာတော့ ပစ္စည်းတွေပါတယ်။ ကားဂိတ်ထဲမှာ ရပ်နေရင်း မီးလောင်းသွားတာပါ။ မီးလောင်နေတဲ့အချိန် ကားမောင်းသမားက ဂိတ်မှာ အန္တရာယ်ဖြစ်မှာစိုးလို့ မီးလောင်နေရင်း တန်းလင်းနဲ့ အပြင်ကိုထွက်မောင်းလိုက်တာ။ တော်သေးလို့ အဲဒီဘေးနားက လူတွေ တယောက်မှ အန္တရာယ်မဖြစ်လိုက်ဘူး။ ပစ္စည်းတွေကတော့ အကုန်ဆုံးရှုံးသွားတာပေါ့။”
ကားဟာ ကားဂိတ်ဝန်းအတွင်း မီးလောင်နေတာသိလို့ ကားမောင်းသမားက ဘေးပတ်ဝန်းကျင်း အန္တရာယ်ဖြစ်မှာစိုးလို့ ကားကို အပြင် မောင်းထွက်ပြေးပြီး ရေမြောင်းထဲကို ချလိုက်ရတယ်လို့ ပြောပါတယ်။
လောလောဆယ်မှာ မီးဘယ်ကစလောင်တယ်ဆို စုံးစမ်းစစ်ဆေးနေပြိး ဆုံးရှုံးမှုတန်ဖိုး မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
သတင်း-ဝဏ္ဏခွာညို