ဦးမျိုးရန်နောင်သိန်း အာမခံလျှောက်ထားမှုအမိန့်ချမည်
အာကာ
·
December 16, 2016
ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးမျိုးရန်နောင်သိန်းရဲ့ အာမခံလျှောက်ထားမှုကို အနောက်ပိုင်းခရိုင် တရားရုံးက ဒီဇင်ဘာ ၂၆ ရက်နေ့မှာ အမိန့်ချသွားမယ်လို့ သူ့ရဲ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ဒီဗွီဘီကို ပြောပါတယ်။
အန်အယ်လ်ဒီ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းရဲ့ အာမခံလျှောက်ထားမှုကို အနောက်ပိုင်းခရိုင်တရားရုံးမှာ ဒီဇင်ဘာ ၁၆ ရက်နေ့က အာမခံပေးသင့်၊ မပေးသင့် နှစ်ဖက်ရှေ့နေတွေနဲ့ လျှောက်လဲချက်ကို ကြားနာခဲ့ပါတယ်။
ဦးမျိုးရန်နောင်သိန်းကို ကမာရွတ်မြို့နယ် တရားရုံးက အာမခံမပေးဘူးလို့ အမိန့်ချမှတ်ထားတဲ့ အတွက် အနောက်ပိုင်းခရိုင် တရားရုံးကို ဆက်တက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဦးမျိုးရန်နောင်သိန်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဝေဖန်ပုတ်ခတ်တဲ့စာတွေ ရေးသားခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာချုပ်က တရားစွဲထားတာ ဖြစ်ပါတယ်။
အာကာ