Home
မြန်မာသတင်း
မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်မှု ကချင်ပါတီများကန့်ကွက်
နော်နိုရင်း
·
December 9, 2016
15350629_233222143777041_8584386381058910387_n
မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ရှမ်းပြည်နယ်လွှတ်တော်က အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်အတည်ပြုခဲ့တာဟာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုကို ဟန့်တားဖျက်ဆီးစေနိုင်တယ်လို့ ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေးကော်မတီက ကြေညာပါတယ်။ ဒီလိုအတည်ပြုသတ်မှတ်တာဟာ အမျိုးသား ရင်းကြားစေ့ရေးကို ထိခိုက်လာနိုင်စေပြီး ပြဿနာကို ပိုမိုကြီးထွားလာစေနိုင်တယ်လို့လည်း ဆိုပါတယ်။ ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီက ဦးတူးရော်က “ပြည်သူ့ လွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီမှတဦးက သောင်းကျန်းသူအဖြစ်ကူးပြောင်းရေးကို သူက အဆိုတင်သွင်းတဲ့ကိစ္စ ပျက်ပြယ်သွားတယ်။ ဒါပေမယ့် တနေ့ကပဲ ရှမ်းပြည်နယ်အစိုးရမှာ ပြည်ခိုင်ဖြိုးပါတီက ပြန်လည်အဆိုတင်သွင်းတဲ့ကိစ္စက ပြည်တွင်းငြိမ်းချမ်းရေးကို ပြည်ခိုင်ဖြိုးရော၊ မင်းအောင်လှိုင်တပ်မတော်ရော၊ မလိုချင်တဲ့ အရိပ်အယောင်ပြတယ်လို့ ကျနော်တို့က သုံးသပ်တယ်။ အဲဒါကြောင့် ကျနော်တို့က ဒီလိုမလိုချင်ဘူး၊ ပြည်သူလူက စားပွဲပေါ်မှာ ညှိနှိုင်းအဖြေရှာဖို့ပဲ တိုက်တွန်းပါတယ်၊ နှစ်ခုစလုံးကို။” မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ကေအိုင်အေ၊ တီအန်အယ်လ်အေ၊ အမ်အန်ဒီအေအေနဲ့ အေအေတပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့အဆိုကို ဒီဇင်ဘာ ၁ ရက် ပြည်သူ့ လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်မှာ အတည်မပြုဘဲ မှတ်တမ်အဖြစ်သာ ထားရှိခဲ့တာဟာ ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်ပြီးသဘော ထားကြီးမြတ်မှုကို ဖော်ပြတယ်လို့လည်း ကော်မတီက ထုတ်ပြန်ပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ်လွှတ်တော်မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လားရှိုးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ ဒီဇင်ဘာလ ၆ ရက်နေ့က အရေးကြီးအဆို တင်ခဲ့ပါတယ်။ ဒီအဆိုကို ဒီဇင်ဘာ ၇ ရက်မှာ ပြည်နယ်လွှတ်တော်ထဲ ဆွေးနွေးခဲ့ပြီး တပ်မတော်သားကိုယ်စားလှယ် ၂ ဦးနဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ် ၄ ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး အန်အယ်လ်ဒီကိုယ်စားလှယ် ၁ ဦးက ကန့်ကွက်ဆွေးနွေးခဲ့ပြီးနောက် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲအများစုရတဲ့အတွက် အဆို အတည်ပြုခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024