တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ရှမ်းနှစ်သစ်ကူး မီးပုံးပျံပြိုင်ပွဲ ကျင်းပ
DVB
·
November 28, 2016
ဒီနှစ် နတ်တော်လဆန်း၁ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းနှစ်သစ်ကူးကို မီးပုံးပျံပြိုင်ပွဲကို တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ နိုဝင်ဘာ ၂၇ ရက်ကစပြီး ၄ ရက် ကျင်းပနေပါတယ်။
ရှမ်းတိုင်းရင်းသားတွေ ကောက်သစ်စားပွဲကို နှစ်သစ်ကူးမှာ ကျင်းပကြတာ ဖြစ်ပြီး ရှမ်းပြက္ခဒိန်အရ နတ်တော်လဆန်း ၁ ရက်နေ့က နှစ်သစ်ကူးတဲ့နေ့အဖြစ် သတ်မှတ်ကြတာ ဖြစ်ပါတယ်။
မနှစ်က ရှမ်းနှစ်သစ်ကူးဟာ ရှမ်းပြည်နယ်အလယ်ပိုင်း တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်တွေ များတဲ့တာကြောင့် နှစ်သစ်ကူးမကျင်းပခဲ့ရအတွက် ဒီနှစ်မှာ တိုင်းရင်းသားပေါင်းစုံ ပူးပေါင်းပါဝင်နိုင်အောင် မီးပုံးပျံပြိုင်ပွဲနဲ့အတူ ကျင်းပတာဖြစ်တယ်လို့ ပွဲကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးစိုင်းဇော်ဇော်က ပြောပါတယ်။
ရှမ်းနှစ်သစ်ကူးဟာ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုက ဦးဆောင်ကျင်းပတာဖြစ်ပြီး အဆင့်အတန်း မခွဲခြားဘဲ အားလုံး ပူးပေါင်းပါဝင်ကြပါတယ်။
ဒီနှစ်ရှမ်း တိုင်းရင်းသားနှစ်သစ်ကူးမှာ ကောက်သစ်စားပွဲ၊ ရိုးရာအက၊ သစ်သီးထိုးအလှပြိုင်ပွဲနဲ့ မီးပုံးပျံပြိုင်ပွဲတွေဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်သလို ပဒေသာပင်လှည့်လည်ခြင်းလည်း ပြုလုပ်မှာ ဖြစ်ပါတယ်။