ကျီးကန်းပြင် အကြမ်းဖက်တိုက်ခိုက်သူ ၁၃ ဦး ထပ် ဖမ်းမိ
DVB
·
November 25, 2016
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ရဲစခန်း အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေလို့ သံသယရှိသူ ၁၃ ဦးကို နိုဝင်ဘာ ၂၄ ရက်က ထပ်မံဖမ်းမိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပါတယ်။
သံသယရှိသူ ဝါးပိတ်ကျေးရွာနေ အီနုနှင့် အာယုတို့ကို နိုဝင်ဘာ ၂၄ ရက် နံနက် ၇ နာရီလောက်မှာ ဖမ်းမိခဲ့ပြီး ဦးရှည်ကျ ကျေးရွာမှ ရှားအာလောင် အပါအဝင် ၁၁ ဦးကို ၈ နာရီခွဲလောက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်မှာ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ ရဲစခန်း ၃ ခုကို အကြမ်းဖက်တိုက်ခိုက်သူ ရာနဲ့ချီပြီး စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အဲဒီဒေသအတွင်း စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ် ရှင်းလင်းနေတာ ဖြစ်ပါတယ်။