Home
မြန်မာသတင်း
နယ်စပ်တည်ငြိမ်းရေး မြန်မာ-တရုတ်စစ်တပ်အကြီးအကဲများ တွေ့ဆုံဆွေးနွေး
DVB
·
November 1, 2016
14940052_1106541226133408_3586700273156351165_o
တရုတ်နိုင်ငံမှာရောက်နေတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဖန်းဖန်ဟိုင်တို့ တွေ့ဆုံပြီး နယ်စပ်တည်ငြိမ်းရေးအပါအ၀င် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြ တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်က အောက်တိုဘာ ၃၁ရက်က တပ်မတော်ခမ်းမမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုပြီးနောက် သီးခြား တွေ့ဆုံဆွေးနွေးခဲ့တာပါ။ တွေ့ဆုံဆွေးနွေးရာမှာ တပ်မတော်နှစ်ရပ်အကြား နှစ်ဘက်ခေါင်းဆောင်တွေရဲ့ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်တွေ၊ မဟာဗျူဟာအဆင့် ဆွေးနွေးညှိနှိုင်းမှုတွေ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စ၊ အားကစား၊ ယဉ်ကျေးမှု ဆေးပညာဆိုင်ရာ ကိစ္စရပ်တွေ အပြင် လေ့ကျင့်ရေးနဲ့ သင်တန်းတွေကိစ္စတွေ ဆွေးနွေးခဲ့တယ် လို့ ဆိုပါတယ်။ ဒီတွေ့ဆုံပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-တရုတ်နှစ်နိုင်ငံ ညီအစ်ကိုနိုင်ငံတွေအဖြစ် ဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်ရမယ့်အကြောင်း မြန်မာနိုင်ငံမှာ ပြည်သူ့ဆန္ဒနဲ့ အညီ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေမှု အခြေအနေတွေ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းစေဖို့ ဆောင်ရွက်နေမှု အခြေအနေတွေကိုရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ အလားတူ တရုတ်တပ်မတော်စစ်ဦးစီးချုပ်ကလည်း နှစ်နိုင်ငံလူထုအကြား နှစ်ပေါင်းများစွာနက်ရှိုင်းတဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးခဲ့မှု အခြေအနေတွေ၊ လက်ရှိ နှစ်နိုင်ငံအကြီးအကဲတွေနဲ့ တပ်မတော်အကြီးအကဲတွေ အပြန်အလှန် ချစ်ကြည်ရေးခ ရီးလည်ပတ်ပြီး ဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်နေတဲ့ အခြေအနေတွေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာတပ်မတော်အကြီးအကဲဟာ တရုတ်တပ်မတော်စစ်ဦးစီးချုပ်ရဲ့ဖိတ်ကြားချက်အရ တရုတ်နိုင်ငံမှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတာ ဖြစ်ပြီး ဒီခရီးစဉ်ဟာ တရုတ်မြန်မာနယ်စပ်မှာ ၀တပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေချိန်နဲ့ တိုက်ဆိုင်နေတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024