Home
မြန်မာသတင်း
အိမ်အကူမိန်းကလေး ၂ ဦးအား နှိပ်စက်ခဲ့သည့် မိသားစုဝင် ၄ ဦးကို ရုံးထုတ်
အာကာ
·
October 14, 2016
14681850_1465642956784326_5467709149911907842_n
  ကလေးသူငယ်ဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ စွဲဆိုထားတဲ့ အမှုတွက် အင်းဝ အပ်ချုပ်ဆိုင်က မိသားစုဝင် ၄ ဦးကို ကျောက်တံတားမြို့နယ်တရားရုံးမှာ အောက်တိုဘာလ ၁၄ ရက်နေ့က ရုံးထုတ်ခဲ့ပါတယ်။ အိမ်အကူမိန်းကလေး ၂ ဦးကို ညှဉ်းပန်းနှိပ်စက်မှုနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တရားလိုပြုလုပ်ပြီး အင်းဝအပ်ချုပ်ဆိုင်က ဒေါ်တင်သူဇာ၊ စုမွန်လတ်၊ တင်မင်းလတ်၊ ရာဇာထွန်းတို့ကို စွဲဆိုထားတာပါ။ ဒါပေမယ့် ရှေ့နေမစုံတဲ့အတွက် မစစ်ဖြစ်ဘဲ အောက်တိုဘာလ ၂၁ ရက်နေ့မှ တရားလိုသက်သေ စတင်စစ်ဆေးမယ်လို့ သိရပါတယ်။ တရားစွဲဆိုခံထားရတဲ့ တင်မင်းလတ်ရဲ့ ရှေ့နေတရားလွှတ်တော်ရှေ့နေ ဦးသန်းမြင့်က “ဒီနေ့ အကြောင်းအမျိုးမျိုးကြောင့် တင်မင်းလတ်ရဲ့ရှေ့နေ ကျနော်ပဲ လာနိုင်တယ်။ ကျန် ၃ ယောက်ရဲ့ ရှေ့နေတွေ မလာဘူး။ ဒါပေမယ့် ရှေ့တပတ်တော့ ရှေ့နေ စုံစုံ၊ မစုံစုံ မဖြစ်မနေ စစ်မယ်လို့ တရားသူကြီးက ပြောတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ တရားလို လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်အေးနော်ဝင်းက “ဖေ့ဘုတ်ပေါ်မှာ ၄ ယောက်ကို အရင်ဆုံးတွေ့လို့ ၄ ယောက်ကို စွဲလိုက်တာပါ” လို့ ပြောပါတယ်။ သူတို့ကို စက်တင်ဘာလ ၂၂ ရက်နေ့က ကျောက်တံတားမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။ အင်းဝအပ်ချုပ်ဆိုင်က မိသားစုဝင်တွေကို အနောက်ပိုင်းခရိုင် တရားရုံးမှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေနဲ့ စစ်ဆေးနေပြီး ကျောက်တံတားမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးဥပဒေ၊ ကလေးသူငယ်ဥပဒေတွေနဲ့ စစ်ဆေးနေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024