ရှမ်းပြည်တပ်မတော် တောင်/မြောက် တပ်ဖွဲ့များနှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲဖြစ်ပွား
ခွန်ဇော်ဦး
·
October 7, 2016
ရှမ်းပြည်တောင်ပိုင်း မိုင်းရှုးမြို့နယ်၊ လွိုင်လန်းတိုက်နယ်၊ လွယ်နဲ့တောင်ခြေမှာ စခန်းထိုင်ထားတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) စခန်းကို မြန်မာ့တပ်မတော်က လက်နက်ကြီး ပစ်ကူယူပြီး တိုက်ခိုက်ခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက ဗိုလ်ချုပ်ခွန်ဆိုင်က ပြောပါတယ်။
ဒီနေ့တရက်ထဲမှာပဲ NCA မှာ လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ (RCSS/SSA) နဲ့ မြန်မာတပ်မတော် ခလရ ၄၂၂ တို့ ဒီနေ့ ညနေ ၃ နာရီအချိန်က မိုင်းကိုင်မြို့နယ် တုံလော အုပ်စု ကုန်းဆာကျေးရွာအနီးမှာ ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။
`ဒီလိုတိုက်ပွဲတွေ ဖြစ်ပွားနေတာတွေဟာ လက်ရှိ နိုင်ငံတော်အစိုးရက ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်စေနိုင်တယ်´လို့လည်း ရှမ်းပြည်တပ်မတော် မြောက်ပိုင်းက ဗိုလ်ချုပ်ခွန်ဆိုင်က ပြောပါတယ်။