Home
မြန်မာသတင်း
မိတ္ထီလာတွင် ဘုရားသူခိုးများ ဖမ်းမိ
DVB
·
October 6, 2016
cri
မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ အံ့ထူးရွာဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ကျောင်းဆောင်က ဘုရားဆင်းတုတော်ခိုးတဲ့သူတွေကို ဖမ်းဆီးထားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။ အောက်တိုဘာ ၄ ရက် ညပိုင်းကဖမ်းမိတာဖြစ်ပြီး ခိုးတဲ့သူတွေဟာ အဲဒီအရပ်က အောင်နိုင်မျိုး (ခ)ပွကြီး နှင့် တစ်ရပ်တည်းနေ ကိုကိုနိုင်တို့ဖြစ်ပြီး သူတို့နှင့်အတူ ခင်မောင်ဆင့် ပါ (၅) ဦးတို့မှ ဘုရားများ လာရောက်ခိုးယူခဲ့ကြတာပါ။ ခိုးသွားတဲ့ ဘုရားတွေကို ခင်မောင်ဆင့်နှင့်အတူ အမည်မသိ ၄ ဦးတို့ သယ်ဆောင်သွားတယ်လို့ စစ်ဆေးပေါ်ပေါက်လို့ ပိတ်ဆို့ရှာဖွေခဲ့ရာမှာ ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့က ဝမ်းတွင်းမြို့ မြောက်ဘက်အထွက် မြို့နယ်စီမံကိန်းရုံးရှေ့မှာ ကားတစီးနဲ့အတူ ဘုရားဆင်းတုတော်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ ကားပေါ်မှာ မအေးအေးသင်၊ နေဝင်း၊ အောင်ကျော်ဦးတို့အား တွေ့ရှိရပြီး ကားနောက်ခန်းက ပလပ်စတစ်ဆွဲခြင်းထဲမှာ ဂွမ်းစောင်နဲ့ ပတ်လျက်ထည့်ထားတဲ့ ဘုရားဆင်းတုတော်(၅)ဆူ၊ စေတီတော်(၁)ဆူအား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်။ ဖမ်းမိတဲ့ အောင်နိုင်မျိုး (ခ)ပွကြီး ပါ(၇)ဦးအား မိတ္ထီလာမြို့မရဲစခန်း (ပ)၃၃၅/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/၂၉၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013