Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်တွင် မူးယစ်ဆေးဝါးစွဲနေသူများကို ဆေးစတင်ဖြတ်ပေး
DVB
·
September 12, 2016
14238199_1270159209661400_6725137135622108626_n
မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲနေသူတွေကို စတင်ဘာလ ၁၁ ရက်နေ့က ဆေးဖြတ်ကုသမှုခံယူနိုင်ဖို့ တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့နဲ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စတင်ဆေးဖြတ်ပေးနေပါတယ်။ တနင်္သာရီမြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါး သုံးစွဲနေသူ ဆေးဖြတ်ကုသမယ့် အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၂၆ ဦးတို့အား တနင်္သာရီမြို့မရဲစခန်းမှူး ဒုတိယရဲမှူး တင်အောင်ရဲ့ ဦးစီးမှုဖြင့် မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာဇော်အောင်နဲ့ ဝန်ထမ်းတွေ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းအဖွဲ့နဲ့ ဆေးဖြတ် လူနာများအား တနင်္သာရီပြည်သူဆေးရုံကြီးမှာ ဆေးဖြတ်ခြင်းနဲ့ အားပေး စကားပြောကြားခြင်း၊ အသိပညာပေးပြောကြားခြင်း၊ ဆေးဖြတ်နိုင်ရေး အတွက် စမ်းသပ်စစ်ဆေးခြင်း၊ လိုအပ်သော ဆေးဝါးများထောက်ပံ့ပေးနိုင်ဖို ပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲဆေးဖြတ်သူတွေရဲ့ အခြေအနေပေါ် မူတည်ပြီး ဆေးရုံတက်ရောက်ကုသ၍ ဆေးဖြတ်စေခြင်း၊ မိဘအုပ်ထိန်းမှု အောက်တွင် နေထိုင်၍ ပုံမှန်ဆေးရုံပြသ ဆေးသောက်၍ ဆေးဖြတ်စေခြင်းဟူ၍ ဆေးဖြတ်နည်း နှစ်နည်းနဲ့ ဆေးပြတ်စေရေး ဆောင်ရွက်ပေးသွားမယ်လို့ တာဝန်ရှိသူများက ပြောကြားပါတယ်။ မူးယစ်ဆေးစွဲ ဖြတ်လိုသူများ အနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ အုပ်ထိန်းသူနဲ့ အတူ သွားရောက်စာရင်းပေးသွင်းနိုင်ပြီး ဆေးဖြတ်ခြင်းအတွက် ငွေကြေးကုန်ကျမှု မရှိဘဲ ဆေးပြတ်သည်အထိ ကျန်းမာရေးဌာနနဲ့ ပူးပေါင်းကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ကူညီပူးပေါင်း ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ ထိုအပြင် မြိတ်မြို့တွင် မူးယစ်ဆေးဖြတ်ရန် လက်ရှိမှာ စာရင်းပေးသွင်းထားသူ ဦးရေ ၁၀၀ ဦးခန့်ရှိကြောင်း သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)၊ သတင်း - မြိတ်ခရိုင်ရဲတပ်ဖွဲ့
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024