Home
မြန်မာသတင်း
ချင်းမိုင်တွင် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ
DVB
·
September 12, 2016
14355141_888536764612593_1228640533519380083_n-1
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာလ ၁၂ ရက်နေ့မှာ တိုင်းရင်းသား လက်ကိုင်တော်လှန်အဖွဲ့ ခူဦးရယ်ဦးဆောင်တဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)နဲ့ ပဒိုကွယ်ထူးဝင်းဦးဆောင်တဲ့ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (CT) အဖွဲ့တို့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပနေပါတယ်။ ပဒိုကွယ်ထူးဝင်းကတော့ မူဘောင်ကိစ္စတခုအပါအဝင် ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဘယ်လို ဆောင်ရွက်မလဲ သုံးသပ်နိုင်မလဲ တဖက်နဲ့ တဖက် ရပ်တည်မှုတွေ အပေါ်မှာမူတည်ပြီးတော့ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲ ဆိုတာတွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လက DPN နဲ့ CT တို့ရဲ့ နိုင်ငံရေးဆွေးနွေးရေးမှုဆိုင်ရာ မူဘောင် သုံးသပ်ချက်တွေ ပြန်လည်သုံးသပ်မယ့်ကိစ္စနဲ့ ၂၁ ရာစုပင်လုံညီလာခံ ပထမ အစည်းအဝေး အပေါ် သုံးသပ်ချက် စတာတွေလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်တွေမှာ ကျင်ပသွားမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024