အလျှားပေ ၂၂ ရှိ ဝေလငါးတကောင် ခအုံးမော်ကမ်းခြေတွင် သောင်တင် (ဓာတ်ပုံ)
DVB
·
September 9, 2016
ဒီနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ခအုံးမော်ကမ်းခြေမှာ ဝေလငါးတကောင် အရှင်သောင်တင်နေတာကို တွေ့ရှိခဲ့ပါတယ်။
အဲ့ဒီ ဝေလငါးဟာ အလျှားအရှည် ၂၂ ပေ ၃လက်မရှိပြီး မြို့နယ်ငါးဦးစီးနဲ့ ရွာသားများက မနက် ၉ နာရီခွဲအချိန်မှာ ပင်လယ်ထဲပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
သတင်း - ၀ဏ္ဏခွာညို၊ ဓာတ်ပုံ - ဦးတင်ထွန်း