Home
မြန်မာသတင်း
ထိုင်းငါးဖမ်းလှေနစ်မြှုပ် ၁ ဦးသေဆုံး၊ မြန်မာလုပ်သား ၃ ဦးပျောက်ဆုံး
DVB
·
August 16, 2016
559000008430402
ထိုင်းနိုင်ငံ ဖူးခက်ခရိုင် ကပ္ပလီပင်လယ်ပြင်ထဲမှာ ယမန်နေ့ နေ့ခင်းပိုင်းက ထိုင်းငါး ဖမ်းလှေ တစီး နစ်မြှုပ်ခဲ့ပြီး လူတဦးသေဆုံး ၆ ဦးကယ်တင်နိုင်ခဲ့ကာ ၃ ဦး ပျောက်ဆုံး နေတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဘန်းရုန်းထိုင်းနာဝါ အမည်ရှိ ထိုင်းငါးဖမ်းလှေဟာ သြဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ဖူးကစ်ကမ်းခြေ နဲ့ ၂ မိုင်လောက်အကွာမှာ ကြီးမားတဲ့ လှိုင်းလုံးကြီးရဲ့ ရိုက်ပုတ်မှုကို ခံရပြီး နစ်မြှုပ်သွားကြောင်း လှေပိုင်ရှင်မှ အကြောင်းကြားတဲ့အတွက် ထိုင်းရေတပ် ကယ်ဆယ်ရေး လှေတွေရော ရဟတ်ယာဉ်တွေပါ အသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေတယ်လို့  အမှတ် ၃ ထိုင်းရေတပ်ဌာနချုပ်မှူး ဒုဗိုလ်ချုပ်ကြီး ဆိုင်ယန်း ပဆုန်ဆမ်ရစ် မှ သတင်းထောက်ကို ပြောပါတယ်။ အဆိုပါ ငါးဖမ်းလှေပေါ်မှာ စုစုပေါင်း လူ ၁၀ ဦး လိုက်ပါသွားပြီး ပဲ့နင်း ထိုင်းတဦး နဲ့ မြန်မာ ၉ ဦး ပါဝင်ကြောင်း၊  ဒီကနေ့မနက်မှာ သေဆုံးသူ ထိုင်းလူမျိုးတဦးနဲ့  မြန်မာ ၆ ဦး ကို ဖူးကစ်မြို့နယ် ရားဝိုင်းအုပ်စုအပိုင် ရေပြင်ထဲမှာ အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ပြီး  ကျန်တဲ့ ၃ ဦးကိုတော့ ဆက်လက်ရှာဖွေနေဆဲဘဲလို့  ဆိုပါတယ်။ နစ်မြှုပ်သွားတဲ့ ငါးဖမ်းလှေကိုတော့ ဒီကနေ့ မွန်းလွဲပိုင်းထိ ရှာလို့မတွေ့သေးပါဘူး။  လက်ရှိ ကပ္ပလီပင်လယ်ထဲမှာ လှိုင်းတွေ ၃ မီတာ မှ ၄ မီတာထိ ပုတ်ခတ်နေတဲ့အတွက် ရှာဖွေရေး အနည်းငယ်ခက်ခဲမှုရှိနေတယ်လို့ ရေတပ်ကယ်ဆယ်ရေးဌာနမှ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024