လိပ်ကျွန်းလူသတ်မှု ထိုင်းရဲတပ်ဖွဲ့ ဒီအန်အေ စစ်ဆေးချက် ညံ့ဖျင်းဟု နိုင်ငံတကာ အဖွဲ့ပြော
DVB
·
April 27, 2016
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ မှုခင်းဆေးပညာ ဓာတ်ခွဲခန်းက မပြည့်စုံဘူးလို့ ကျွမ်းကျင်တဲ့သူတွေက သုံးသပ်ပါတယ်။
ဒီအမှုအတွက် သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဇော်လင်းထွန်းနဲ့ ကိုဝေဖြိုးတို့ကို ခုခံဆောင်ရွက်ပေးနေတဲ့ အဖွဲ့က တရားဝင် ကန့်ကွက်ဖို့နဲ့ အမှုကို ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုသွားဖို့ နိုင်ငံတကာ ဥပဒေရေးရာနဲ့ ဒီအန်အေ မှုခင်းဆေးပညာ သိပ္ပံပညာရှင်တွေက အကြံပေးထားတယ်လို့ ဗြိတိန် သတင်းတပုဒ်မှာ ရေးပါတယ်။
ဒါ့အပြင် သြစတြေးလျ အာရှပစိဖိတ် ဓာတ်ခွဲခန်း ကော်ပိုရေးရှင်းကလည်း ကြားဝင်ဆောင်ရွက်ဖို့ လိုလိုလားလား ရှိတယ်လို့လည်း ဗြိတိန် စတန်းဒတ်သတင်းက ဆိုပါတယ်။
အမှုကိစ္စကို မဖြေရှင်းသေးသရွေ့ ထိုင်းမှာရှိတဲ့ ဓာတ်ခွဲခန်းတွေအားလုံးကို တရားဝင် အသိအမှတ်ပြုတာကို နိုင်ငံတကာ ဥပဒေရေးရာနဲ့ ဒီအန်အေ မှုခင်းဆေးပညာ သိပ္ပံပညာရှင်တွေက ရပ်ဆိုင်းထားနိုင်ပါတယ်။
ထိုင်း လူထုကျန်မာရေး ဗျူရိုရဲ့ ဓာတ်ခွဲခန်းများ စံနှုန်းပြည့်မီရေးဌာနက စစ်ဆေးပေးဖို့ မြန်မာလူငယ် ၂ ဦးနဲ့ ပတ်သက်ပြီး ခုခံကာကွယ်ပေးနေတဲ့ အဖွဲ့ကို အကြံပေးထားတယ်လို့ သတင်းက ရေးပါတယ်။
မြန်မာလူငယ် ၂ ဦးရဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးချက်တွေကို ထိုင်းရဲတပ်ဖွဲ့တွေက နိုင်ငံတကာက အဖွဲ့အစည်းတွေကို ပြောပြနိုင်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။