ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရန် အတွင်းရေးမှူးအဖွဲ့ဆွေးနွေး
နော်နိုရင်း
·
January 5, 2016
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့တွေ ဇန်န၀ါရီ ၅ ရက် မနက်က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ စတင် အစည်းအဝေးကျင်းပနေပါတယ်။
၃ ရက်ကြာဒီဆွေးနွေးပွဲမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ)ပါ ကတိက၀တ်တွေ ကို ဆက်လက်အကောင်အထည်ဖော်တဲ့အနေနဲ့ ရှေ့သီတင်းပတ်စတင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအတွက် အကြိုညှိနှိုင်းစည်းဝေးနေတာလို့ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။
“အဓိကကတော့ လာမယ့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက် ကြိုတင်ပြင်ဆင်တဲ့အစည်း အဝေးပွဲ၊ အစီစဉ်ဆွဲတာပေါ့နော်။ ဖိတ်ကြားမယ့်လူကိစ္စတို့၊ အစည်းအဝေးပွဲကိစ္စတို့၊ ရက်သတ်မှတ်တာ၊ နေရာထိုင်ခင်းချမှတ်တာ လုပ်ငန်းကော်မတီကိစ္စတွေပေါ့နော်။ ”
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လာမယ့် ဇန်န၀ါရီလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့လည်း ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။