ရုံးထုတ် တကသကျောင်းသားများ တရားသူကြီးမလာရောက်တာကြောင့် အမှုမစစ်ဖြစ် (ရုပ်သံ)
DVB
·
January 5, 2016
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒပြလို့ ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ ခ တို့နဲ့ တရားစွဲဆိုခံရတဲ့ တကသကျောင်းသား ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ နဲ့ ကိုနန်းလင်းတို့ကို ပန်းပဲတန်း တရားရုံးမှာ ဒီကနေ့ မနက်ပိုင်းက ရုံးထုတ်ပါတယ်။
ဒီကနေ့ ရုံးချိန်းသာရှိပြီး မလာလို့ အမှုမစစ်ခဲ့ဘူးပါတယ်။ တရားသူကြီးမလာတာ ဒီတပတ်နဲ့ဆို ၃ ပတ်မြောက်ဖြစ်ပြီး ရုံးထုတ်ပြီး ပြန်ခေါ်သွားတယ်လို့ အဲဒီကို သွားရောက်သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ပြောပါတယ်။