မြန်မာ ၂ ဦးကို သေဒဏ်မှ လွှတ်ပေးရန် ထိုင်း-မြန်မာနယ်စပ်မြို့များတွင် ဆန္ဒပြ
DVB
·
December 30, 2015
လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလူငယ် ၂ ဦးကို လွှတ်ပေးဖို့အတွက် ထိုင်း-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ ကော့သောင်းမြို့နဲ့ ဘုရားသုံးဆူမြို့တွေမှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းမြို့ ဒေသခံတွေနဲ့ သံဃာတော်တွေက ဒီနေ့ မနက် ၉ နာရီအချိန်မှာ ပြည်တော်အေးစေတီရင်ပြင်ပေါ်မှာ သံဃာတော်အပါး ၆၀ ခန့်နဲ့ ဒေသခံ ၂၀ ကျော်က စေတီတော်ကိုလက်ယာရစ်ပတ်ပြီး ဝတ်ပြုဆုတောင်းပြီးနောက် ကမ်းနားလမ်း နာရီစင်ရှေ့သို့ တတိယအကြိမ် စီတန်းလမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ ကော့စမွီခရိုင် လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ကို သေဒဏ်မှ ချက်ချင်းလွှတ်ပေးရန် ကြွေးကြော်ပြီး နိုင်ငံတော်သီချင်းသီဆိုကာ ဆန္ဒပြပွဲအဆုံးသတ်ခဲ့ကြောင်း သိရှိရပါတယ်။
အလားတူ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့က နယ်စပ်ဂိတ်မှာလည်း သေဒဏ်ကျမြန်မာ ၂ ဦး လွတ်မြောက်ရေး ဒီကနေ့မနက်က ဒေသခံ ၅၀၀ လောက်စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ဆန္ဒပြနေစဉ်