မြန်မာ ၂ ဦး သေဒဏ်ချမှတ်ခံရမှု ကော့သောင်းမြို့တွင် ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
December 29, 2015
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦး သေဒဏ်ပေးခံရတဲ့ အတွက် မကျေနပ်တာကြောင့် ထိုင်းနိုင်ငံတဖက်ကမ်း မြန်မာနယ်စပ် ကော့သောင်းမြို့မှာ ဒီဇင်ဘာ ၂၉ ရက်နေ့ မနက် ၉ နာရီက ဒေသခံတွေနဲ့ သံဃာတော်တွေက ထိုင်းနိုင်ငံ တရားစီရင်ရေးအပေါ် ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
အာဏာပိုင်တွေထံ ခွင့်ပြုချက်တင်ပြီးပြု ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဒေသခံအင်အား ၁၀၀ ကျော် ပါဝင်ကာ မနက် ၁၀ နာရီမှာ ဆန္ဒပြပွဲငြိမ်းချမ်းစွာ ပြီးဆုံးခဲ့ပါတယ်။ မနက်ဖြန် ဒီဇင်ဘာ ၂၀ ရက်နေ့မှာလည်း ကော့သောင်းမြို့မှ ဆရာတော်၊ သံဃာတော်တွေ ဦးဆောင်ပြီး ဆက်လက်ဆန္ဒဖော်ထုတ်သွားမယ်လို့ သိရှိရပါတယ်။ ဓာတ်ပုံ - လတ်ကိုကိုဦး