ကယားပြည်နယ်တွင် ကြံ့ခိုင်ရေးပါတီ ၇ နေရာ အနိုင်ရ
DVB
·
November 9, 2015
ကယားပြည်နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၇ နေရာမှာသာ အနိုင်ရတယ်လို့ ပါတီပြောခွင့်ရ ဦးလှမျိုးဆွေက ပြောပါတယ်။
ကယားပြည်နယ်မှာ လွှတ်တော်အမတ်နေရာ ၃၃ နဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာ နေရာ တနေရာရှိပြီး ကြံ့ခိုင်ရေးပါတီက ဖားဆောင်းမြို့နယ်မှာ ပြည်နယ်လွှတ်တော် ၁ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၀ မှာ ၁ နေရာ၊ ဘောလခဲမြို့နယ်မှာ အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်သူ့လွှတ်တော် ၁ နေရာ၊ ပြည်နယ်လွှတ်တော် ၂ နေရာနဲ့ လွိုင်ကော်မြို့နယ်မှာ ဗမာတိုင်းရင်းသားလူမျိုးမှာ ၁ နေရာ စုစုပေါင်း ၇ နေရာသာ အနိုင်ရရှိထားတယ်လို့ ကယားပြည်နယ် ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးလှမျိုးဆွေက အတည်ပြု ပြောပါတယ်။
ဦးလှမျိုးဆွေက ကယားပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးနေရာမှာ ကျနော်ပဲ အနိုင်ရနိုင်တယ်လို့ ပြောဆိုပြီး တပြည်နယ်လုံးမှာ အန်အယ်လ်ဒီပဲ အားကောင်းပါတယ်လို့ ပြောဆိုပါတယ်။ ကယားပြည်နယ်တခုလုံးမှာ တပ်တွင်းမဲရုံ ၂၅ ရုံ အပါအဝင် ၂၂၉ ရုံ ရှိပါတယ်။
ခွန်းတူးတူးလေး