ဇေကမ္ဘာဝင်းအတွင်းဖမ်းမိသည့် စိတ်ကြွဆေးပြား ၂၆ သန်းကျော်အမှု တရားစွဲတော့မည်
DVB
·
November 7, 2015
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်းက မြန်မာနိုင်ငံမှာ အများဆုံးပမာဏရှိတဲ့ WY စိတ်ကြွဆေးပြား ၂၆ သန်းကျော်မိတဲ့ ဖြစ်စဉ်ကနေ အမှုမှ ပါဝင်သူတွေကို ဖမ်းမိပြီးတဲ့နောက် တရားစွဲဆိုတော့မည်ဖြစ်ကြောင်း သိရပါတယ်။
ကုလားတန်မြစ်ဝှမ်းကုမ္ပဏီက ပိုင်ရှင်တွေပါတဲ့ မူးယစ်မှုမှာတော့ ယင်းအမှုမှာ အဓိကပါဝင်သူတွေကို ဖမ်းမိပြီးတဲ့နောက် မူးယစ်ဆေးဝါးဖြတ်သန်းရာ လမ်းကြောင်း တလျှောက်ဖြစ်တဲ့ ရှမ်းပြည်-ရန်ကုန်-ရခိုင်ပြည်နယ်တွေမှာလည်း စုံစမ်းဖော်ထုတ်မှုတွေ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် တပြည်လုံး အတိုင်းအတာကျင်းပမယ့် ရွေးကောက်ပွဲရှိနေတာကြောင့် စုံစမ်းစစ်ဆေးမှုတွေ အခုရက်ပိုင်းမှာ ရပ်တန့်ထားရပါတယ်။
ဒီအမှုမှာတော့ အခုဖမ်းမိတဲ့ သူတွေဟာ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်ရာမှာ ပါဝင်ပေမဲ့ ဆက်လက်ဖော်ထုတ်မယ့် သူတွေလည်း ရှိနေပါသေးတယ်။ ဒါပေမယ့် သူတို့ဟာ အင်အားကြီးအဖွဲ့တွေ ဖြစ်နေတာကြောင့် လက်ဆုပ်လက်ကိုင်ပြမှဘဲ ဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့က ပြောပါတယ်။