Homeမြန်မာသတင်း
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရခိုင်၊ ချင်း၊ ကချင်နှင် စစ်ကိုင်းတို့တွင် မိုးကြီးမည်
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရခိုင်၊ ချင်း၊ ကချင်နှင် စစ်ကိုင်းတို့တွင် မိုးကြီးမည်
DVB
·
October 8, 2015
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဒီနေ့ မွန်းလွဲပိုင်းကစပြီး နောက် ၂၄ နာရီအတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောလိုက်ပါတယ်။
လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းကမ်းရိုး တလျှောက်နဲ့ ကမ်းလွန်ဒေသများတွင် ရံဖန်ရခါ မိုးသက်လေပြင်းများတိုက်ခတ်နိုင်ပြီး ရေပြင်မြေပြင်လေဟာ ၁ နာရီ မိုင်(၃၅ - ၄၀)မိုင်ခန့်အထိ တိုက်ခတ်နိုင်ပါတယ်။ ခေတ္တမျှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၈ ပေ မှ ၁၂ ပေခန့်အထိ ရှိနိုင်တယ်လို့ ဦးထွန်းလွင်ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
လေဖိအားနည်းရပ်ဝန်းဟာ ဒီနေမွန်းလွဲပိုင်းကစပြီ့း  ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့ပိုင်း ကမ်းခြေကို ရခိုင်ပြည်နယ်မြောက်ပိုင်းအနီးမှ ကုန်းတွင်းပိုင်းသို့ စတင်ဖြတ်ကျော် ၀င်ရောက်လျက် ရှိနေပါတယ်။