Home
မြန်မာသတင်း
အဖွဲ့ချုပ်က တိုင်းရင်းသားဒေသတွင် ၀င်ပြိုင်ရသည့်ကိစ္စ ဒေါ်စုရှင်းလင်း
DVB
·
September 5, 2015
11951793_520644594761345_7388123087625600098_n
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်မှ တိုင်းပြည်ပြောင်းအောင်လုပ်နိုင်မှာဖြစ်တာကြောင့် တိုင်းရင်းသားဒေသတွေမှာ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ ၀င်ပြိုင်တာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဆီဆီိုင်မြို့မှာ ဒီနေ့ ပြုလုပ်တဲ့ ရွေးကောက်ပွဲ အသိပညာပေးဟောပြောပွဲမှာ သူက ခုလို ရှင်းလင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီ ရွေးကောက်ပွဲမှာ နေရာတိုင်းလိုလို ၀င်ပြိုင်ပါတယ်၊ ပြည်နယ်တွေမှာလည်း ၀င်ပြိုင်တယ်၊ တိုင်းအသီးသီးမှာလည်း ၀င်ပြိုင်တယ်၊ အဲ့ဒါနဲ့ ပတ်သက်လို့ တချို့ တိုင်းရင်းသားတွေက ကျမတို့ကို မေးပါတယ်၊ ဘာဖြစ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်နယ်တွေမှာ တိုင်းရင်းသားဒေသတွေမှာ ၀င်ပြိုင်လဲတဲ့၊ တိုင်းရင်းသားတွေနဲ့ ဘာဖြစ်လို့ ၀င်ပြိုင်လဲ၊ တိုင်းရင်းသားတွေနဲ့ ဘာဖြစ်လို့ မပူးပေါင်းလဲ၊ တကယ်တော့ ကျမတို့ ၀င်ပြိုင်ရတယ်ဆိုတာ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းချင်လို့ ၀င်ပြိုင်ရတာပါ၊ ကျမ ရှင်းပြပါရစေ။ ဒီနိုင်ငံရဲ့စနစ်ကို ပြောင်းဖို့၊ ဒီနိုင်ငံကို တကယ့် ဒီမိုကရေစီစနစ်ဖြစ်ဖို့ဆိုတာ ခပ်တိုတို ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရ ဖြစ်နိုင်မှ ဖြစ်နိုင်မှာပါ။” ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက် ရှမ်းပြည်တောင်ပိုင်းခရီးစဉ်အတွင်း ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ ဆီဆိုင်နဲ့ ဟိုပုံးမှာ ဒေသခံလူထုနဲ့တွေ့ဆုံပြီး ရွေးကောက်ပွဲ အသိပညာပေး ဟောပြောပွဲတွေလုပ်သွားမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024