ညောင်ဦးဒေသခံတဦး တောဆင်ရိုင်းနှာမောင်းဖြင့် ကိုင်ရိုက်ခံရ
DVB
·
August 24, 2015
ညောင်ဦး ငါသရောက်မြို့နယ်ခွဲ ပြွမ်အုပ်စု ဆင်လူးအိုင်ကွင်းအနီးမှာ တောဆင်ရိုင်းတွေကို လိုက်လံကြည့်ရှု ဓာတ်ပုံရိုက်ရာမှ ဒေသခံတဦး ဆင်နှာမောင်းနဲ့ ကိုင်ရိုက်ခံခဲ့ရပါတယ်။
ဒီကနေ့ သြဂုတ်လ ၂၄ ရက်နေ့က စားကျက်ရှာရင်း နယ်ကျော်လာတဲ့ တောင်ဆင်အကြီး ၄ ကောင်နဲ့ အသေး ၂ ကောင် ပေါင်း ၆ ကောင်ကို ညောင်ဦးမြို့နယ် ကံကျဲကျေးရွာနေ အဖဦးမုန်းရဲ့သား မောင်ဖိုးပိုင် ၃၄ နှစ်ခန့်ဟာ အနားကပ်ပြီး ဓာတ်ပုံရိုက်ရာမှ နှာမောင်းနဲ့ ကိုင်ရိုက်ခံရတာကြောင့် ပြင်းထန်စွာဒဏ်ရာရရှိပြီး တောင်ဇင်းဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။
တောဆင်ရိုင်း ၆ ကောင်ဟာ သြဂုတ် ၂၂ ရက်ညပိုင်းမှာ ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပြားရွာနားကို ရောက်ရှိလာကြပြီး သြဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာတော့ ပုပ္ပါးဘက်ကို ထွက်ခွာသွာကြတယ်လို့ လက်ပံပြား ရဲစခန်းမှူးက ဒီဗွီဘီကို ပြောဆိုခဲ့ပါတယ်။
ဓာတ်ပုံ - အာကာမင်း