ဟင်္သာတမြို့ ပျဉ်းမချောင်းရပ်ကွက် ရေကြီး နစ်မြုပ် (ဓာတ်ပုံ)
DVB
·
August 3, 2015
ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့မှာ သြဂုတ် ၃ ရက် မနက် ၆ နာရီ တိုင်းတာချက်အရ မြစ်ရေအမှတ် ၄၇ ဒသမ ၅၅ ပေဖြစ်ပြီး စိုးရိမ်ရေအမှတ်ထက် ၃ ဒသမ ၅၅ ပေ မြင့်တက်လျက် ရှိပါတယ်။
ဟင်္သာတ ပျဉ်းမချောင်းရပ်ကွက် ဆေးရိုးတန်းတာဆုံထိပ်မှာ ကားသွားလမ်းအဖြစ် နိမ့်ကျနေတဲ့အပိုင်းကို သဲအိတ်၊ သဲပုံတွေနဲ့ ကာကွယ်ထားရပါတယ်။
ဟင်္သာတမြို့ရဲ့ အရေးပေါ် အခြေအနေ ရေအမှတ်မှာ ၄၈ ဒသမ ၀၀ ပေ ဖြစ်ပါတယ်။
ဓာတ်ပုံ - ပြည့်ဖြိုး CJ