Home
မြန်မာသတင်း
မုန်တိုင်းငယ် အရှိန်ကြောင့် မိုးကြီးရေကြီးလေပြင်းများ တိုတ်ခတ်နိုင်ဟု မိုးဇလသတိပေး
DVB
·
July 27, 2015
moezala
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အ၀ါအရောင်အဆင့် သတ်မှတ်ချက်ရှိ မုန်တိုင်း ငယ်ဟာ မြန်မာနိုင်ငံဘက် ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိပေမယ့်  မုန်တိုင်းငယ် အရှိန်ကြောင့် မိုးကြီးရေကြီးလေပြင်းတွေ တိုတ်ခတ်နိုင်တယ်လို့ မိုးဇလဌာနက သတိပေးကြေညာပါတယ်။ ဒီကနေ့ ဇူလိုင် ၂၇ ရက် မိုးဇလဌာနရဲ့ ခန့်မှန်းထုတ်ပြန်ချက်မှာ “ယမန်နေ့က ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေခဲ့သော မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ အနောက်-အနောက်တာင်ဘက် မိုင်(၉၀)ခန့်၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်-အနောက်မြောက်ဘက် မိုင်(၁၄၀)ခန့်နှင့်စစ်တွေမြို့၏ အနောက်မြောက်ဘက်မိုင် (၁၉၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်ဘက်သို့ အနည်းငယ်ရွေ့လျားလက်ရှိပြီး၊ ဆက်လက်တည်ရှိနေ ပါသည်။ မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်ပါသည်။” လို့ ဖော်ပြထားပါတယ်။ မုန်တိုင်းငယ်ရဲ့ အမြင့်ဆုံးလေတိုက်နှုန်းဟာ ၁ နာရီလျှင်မိုင် ၄၀ နှုန်းဖြစ်ပြီး  မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်း ဒေသကြီးတွေ ရှမ်း၊ ချင်း၊ ရခိုင်၊ မွန်နဲ့ ကရင်ပြည်နယ်တွေမှာ နေရာအနှံ့ မိုးရွာပြီး၊ ဒေသအလိုက်နဲ့ နေရာကွက် မိုးကြီးတာ၊ လေပြင်းတိုက်ခတ်တာနဲ့ ရုတ်တရက်ရေကြီးတာတွေ ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာတော့ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေဟာ ၁ နာရီ ၄၅ မိုင်အထိ တိုက်ခတ်နိုင်တဲ့အတွက်  ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊‌ သင်္ဘောတွေအနေနဲ့ ကြိုတင် သတိထားကြဖို့လည်း မိုးဇလ ဌာနက အကြံပြုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024