မြန်မာ့ ပထမဆုံး ကျန်းမာရေးဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပမည်
ပိုင်စိုး
·
July 10, 2015
မြန်မာနိုင်ငံရဲ့ ပထမဆုံး ကျန်းမာရေးဆွေးနွေးပွဲကို နေပြည်တော်မှာ ဇူလိုင် ၂၈၊ ၂၉ ရက်နေ့ ပြုလုပ်မယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
ရည်မှန်းချက်ကတော့ ၂၀၃၀ ခုနှစ်မှာ အကောင်အထည်ဖော်ရမယ့် လူတိုင်းနဲ့ လက်လှမ်းမီတဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ဆီကို လျှောက်လှမ်းမယ့် လမ်းကြောင်းပေါ်ကို ရောက်ရှိဖို့ ဖြစ်ပါတယ်။
ဒါဟာ မြန်မာနိုင်ငံရဲ့ ကျယ်ပြန့်ထွေပြားတဲ့ ကျန်းမာရေးကဏ္ဍတွေ ပထမဆုံး တွေ့ဆုံတာလို့ ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ဆိုပါတယ်။
ဒီဆွေးနွေးပွဲကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ တခြားဌာနက ပညာရှင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းနဲ့ ဟောပြောပို့ချသူတွေ၊ ကျန်းမာရေးဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာ မဟုတ်တဲ့ လှုပ်ရှားသူ စတဲ့ လူပေါင်း ၇၀၀ လောက် တက်ရောက်ကြမှာလည်း ဖြစ်ပါတယ်။