Home
မြန်မာသတင်း
လူသတ်ရန်ကြိုးပမ်းမှုဖြင့် မြန်မာ ၃ ဦး စင်ကာပူတွင် တရားစွဲခံရ
DVB
·
June 24, 2015
Two of the suspects (left and right) arriving at the State Courts-CNA
မြန်မာနိုင်ငံသား ၂ ဦးနဲ့ စင်ကာပူမှာ အမြဲတမ်းနေထိုင်ခွင့် (ပီအာရ်) ရထားသူ မြန်မာ ၁ ဦးကို လူသတ်ရန်ကြိုးပမ်းမှု၊ အားပေးကူညီမှုနဲ့ စင်ကာပူနိုင်ငံ တာဝန်ရှိသူတွေက တရားစွဲဆိုလိုက်ပါတယ်။ ဇွန် ၂၄ ရက်က စွဲဆိုခံထားရတဲ့ မြန်မာ ၂ ဦးကတော့ အသက် ၃၂ နှစ်ရှိ ကိုရဲဝင့်အောင်၊ အသက် ၃၁ နှစ်ရှိ ကိုဖြိုးမင်းနိုင်တို့ ဖြစ်ပြီး ပီအာရ်ရထားတဲ့ မြန်မာတဦးကတော့ အသက် ၃၇ နှစ် ကိုဇော်မင်းလှိုင်တို့ ဖြစ်တယ်လို့ စင်ကာပူ ချာနယ်နယူး သတင်းက ရေးပါတယ်။ ဒီ ၃ ဦးဟာ ကိုဝင်းကျော်ကျော်အောင် (ခ) အောင်အောင်နဲ့အတူ ပီအာရ်ရထားတဲ့ ကိုအေးမောင်မောင်သက်ကို ဇွန် ၂၀ ရက်က သတ်ဖို့ ကြိုးစားတယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။ ဇွန် ၂၁ ရက် မနက်ပိုင်းက Pasir Ris ၇၁ လမ်းက ဘီအယ်လ်ကေ ၇၄၇ အေ ကားရပ်တဲ့နေရာမှာ ကိုဝင်းကျော်ကျော်အောင် (ခ) အောင်အောင်၊ ကိုဇော်မင်းလှိုင်နဲ့ ကိုဖြိုးမင်းနိုင်တို့က ဓားစာခံ ကိုအေးမောင်မောင်သက်ကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တယ်လို့ သတင်းက ရေးပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ကိုဇော်မင်းလှိုင်နဲ့ ကိုဖြိုးမင်းနိုင်တို့က လျှပ်စစ်ပစ္စည်းလက်နက်နဲ့ တိုက်ခိုက်ခဲ့ပြီး နာကျင်အောင် လုပ်ဆောင်တယ်လို့လည်း စွပ်စွဲထားပါတယ်။ ဇွန် ၂၂ ရက်က သူတို့ ၃ ဦးကို ရဲတွေက ဖမ်းဆီးခဲ့သလို စစ်ဆေးတာတွေ လုပ်ဆောင်ဖို့ ရမန်ယူရမှာ ဖြစ်ပါတယ်။ ဇူလိုင် ၁ ရက်မှာ အမှုကို ကြားနာမှာဖြစ်ပြီး အပြစ်ရှိကြောင်း တွေ့ရှိတယ်ဆိုရင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၄ နှစ် ကျခံရမှာ ဖြစ်သလို ဒဏ်ငွေလည်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ကိုဝင်းကျော်ကျော်အောင် (ခ) အောင်အောင်ကတော့ စင်ကာပူကနေ ဇွန် ၂၂ ရက်က ထွက်ခွာသွားပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024