မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း လွှတ်တော်တွင် ယနေ့ ဆွေးနွေးမည်
ကျော်ဇေယျာဝင်း
·
June 19, 2015
မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဇွန် ၁၉ ရက်နေ့က ဆွေးနွေးဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းတဲ့ ဒီမဟာဗျူဟာစီမံကိန်းကို လွှတ်တော်ကိုယ်စားလှယ် ၃ ဦးက ဆွေးနွေးပြီး လွှတ်တော်အဆုံးအဖြတ် ရယူမှာဖြစ်ပါတယ်။
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က အစိုးရအဖွဲ့ကိုယ်စား ဒီမဟာဗျူဟာစီမံကိန်း အစီရင်ခံစာကို ဇွန် ၁၀ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။
ဒီမဟာဗျူဟာစီမံကိန်းမှာ ရန်ကုန်အရှေ့ပိုင်းမြို့သစ်၊ အနောက်တောင်ပိုင်းမြို့သစ်၊ သန်လျင်မြို့သစ်၊ ဒလမြို့သစ်၊ ထန်းတပင်မြို့သစ်၊ မှော်ဘီမြို့သစ်၊ လှည်းကူးမြို့သစ် စတဲ့ ဦးစားပေးအလိုက် မြို့သစ်စီမံကိန်း ၇ ခု ပါဝင်ပါတယ်။
အကျယ်အဝန်းစုစုပေါင်း ဧက ၁ သိန်း ၁ သောင်းကျော်မှာ လူဦးရေ ၂ သန်း ၄ သောင်းကျော် နေထိုင်ဖို့အတွက် ရေးဆွဲထားပါတယ်။
ကုန်ကျစရိတ် စုစုပေါင်းကတော့ ကျပ်ဘီလီယံ ၈၁၀၀ ကျော်ဝန်းကျင် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။