Home
သတင်းဓာတ်ပုံ
ရွှေတံဆိပ်ရယူပေးရန် မြန်မာ ယူ ၂၃ ကို ဦးဇော်ဇော် တိုက်တွန်း (သတင်းဓာတ်ပုံ)
DVB
·
June 7, 2015
11428147_564174720388011_4220087918928352981_o
11411663_564174963721320_5976948757260476746_o
11289491_564174863721330_160964914287384504_o
11246474_564174983721318_6546554884382769032_o
11109513_564174940387989_3976396279136672312_o
1556325_564174890387994_6872566527524355253_o
1
မြန်မာယူ ၂၃ အသင်းသားတွေအနေနဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ်ရယူပြီး တိုင်းပြည်အတွက် ဝေးကွာနေတဲ့ အောင်ပွဲကို ရယူပေးစေလိုကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က တိုက်တွန်းလိုက်ပါတယ်။ ဦးဇော်ဇော်ဟာ မြန်မာ ယူ၂၃ အသင်း တည်းခိုနေထိုင်ရာ Days Hotel မှာ အုပ်ချုပ်၊နည်းပြ အဖွဲ့နှင့် ကစားသမားတွေကို ဇွန် ၆ ရက်နေ့က လာရောက်တွေ့ဆုံ အားပေးစကား ပြောကြားခဲ့စဉ် အခုလို တိုက်တွန်းလိုက်တာလို့ မြန်မာဘောလုံးအဖွဲ့ချုပ် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မြန်မာယူ ၂၃ အသင်းသားတွေအနေနဲ့ ပြည်တွင်းပြည်ပ ဒေသအသီးသီးကနေ အားပေးနေတဲ့ မြန်မာပရိသတ်တွေ ပျော်ရွှင်မှု ရရှိစေဖို့ အစွမ်းကုန် ကြိုးစား ပေးစေလိုကြောင်း၊ အုပ်စုပွဲ ၂ ပွဲမှအစပြုပြီး ဆီမီးဖိုင်နယ်၊ ဖိုင်နယ် အထိတက်ရောက်ပြီး ရွှေတံဆိပ်ရယူကာ တိုင်းပြည်အတွက် ဝေးကွာနေတဲ့ အောင်ပွဲ ကို ရယူပေးစေလိုကြောင်း တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေ့ည မြန်မာစံတော်ချိန် ၇ နာရီမှာ ဆီးဂိမ်းပြိုင်ပွဲ အုပ်စု(က) တတိယပွဲစဉ်အဖြစ် မြန်မာ ယူ ၂၃ အသင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စု (က) မှာ ၂ ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ ဦးဆောင်နေပါတယ်။ ဓာတ်ပုံ - Myanmar Football Federation [gallery ids="96381,96382,96383,96384,96385,96386,96387"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024