Home
မြန်မာသတင်း
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၅ နှစ်အတွင်း အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံးဖြစ်
ပိုင်စိုး
·
June 6, 2015
11391215_839883956060662_3606171926173221884_n-622x415
11391109_834122989987686_8768358197035087781_n
၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်တွေကို ဒီနေ့ ထုတ်ပြန်ခဲ့ရာမှာ တစ်နိုင်ငံလုံး အတိုင်းအတာ အရ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အောင်ချက် ရာခိုင်နှုန်း အကောင်းဆုံးဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ အောင်ချက်တွေဟာ ၃၁ ကနေ ၃၅ ရာခိုင်နှုန်းပဲ ရှိခဲ့ပြီး ဒီနှစ်မှာတော့ ၃၇.၆ ရာခိုင်နှုန်းအထိ မြင့်သွားတာပါ။ မနှစ်က ဆိုရင် ၅ သိန်း ၄ သောင်းကျော်မှာ ၁ သိန်း ၇ သောင်းကျော် ပဲ အောင်မြင်ခဲ့ပြီး ဒီနှစ် ဖြေဆိုသူ ၅ သိန်း ၉ သောင်းကျော်မှာ ၂ သိန်း ၂ သောင်းကျော် အောင်မြင်ခဲ့တာပါ။ ဂုဏ်ထူးရသူ အရေအတွက်လည်း သိသိသာသာ ပိုများလာပြီး ဇီဝဗေဒ ဘာသာရပ်မှာ ဂုဏ်ထူး အများဆုံး ရကြတာပါ။ အင်္ဂလိပ်စာကတော့ ဂုဏ်ထူးရသူ အနည်းဆုံးဖြစ်ပြီး စုစုပေါင်း ဂုဏ်ထူးရသူ ၅ သောင်းကျော်မှာ ၁၉၀၀ ကျော်ပဲ ရှိပါတယ်။ 11391109_834122989987686_8768358197035087781_nရန်ကုန်တိုင်းကတော့ ဂုဏ်ထူးရရှိသူ အများဆုံးဖြစ်ပြီး ၆ ဘာသာဂုဏ်ထူးရှင် ၄၀၀ ကျော်အပါအ၀င် စုစုပေါင်း တစ်သောင်းကျော်ရှိတာပါ။ ဧရာဝတီတိုင်းက ၅၁.၇၈ ရာခိုင်နှုန်းနဲ့ အောင်ချက် အကောင်းဆုံးဖြစ်ပြီး ချင်းပြည်နယ်က ၁၇.၈ ရာခိုင်နှုန်းနဲ့ အနိမ့်ဆုံးဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024