ကျောင်းသားသပိတ်မှတ်တမ်း ဓာတ်ပုံပြပွဲ မန္တလေးတွင် လုပ်မည်
DVB
·
May 28, 2015
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း စထွက်တဲ့ မန္တလေး-ရန်ကုန် တလျှောက်နဲ့ လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွင်းခံရချိန်အထိ မှတ်တမ်းတင်ထားတဲ့ သတင်းဓာတ်ပုံဆရာတွေရဲ့ ဓာတ်ပုံပြပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံပြပွဲကို မန္တလေးမြိုက community center မှာ မေ ၃၀ ရက်နေ့ စတင်ပြသသွားမယ်လို့ သိရပါတယ်။
ဒီဓာတ်ပုံပြပွဲက ကျောင်းသားသပိတ်မှတ်တမ်းဓာတ်ပုံတွေကို တတိယအကြိမ်မြောက် ပြသတဲ့ပွဲဖြစ်ပြီး ရန်ကုန်မြို့မှာ ၂ ကြိမ်ပြသပြီးဖြစ်ပါတယ်။
ရန်ကုန်မှာပြသခဲ့တဲ့ ဓာတ်ပုံပြပွဲမှာ သက်ဆိုင်ရာက ဖိအားပေးမူတွေရှိတာကြောင့် ရက်လျော့ပြသတာတွေ လုပ်ခဲ့ရပေမယ့် နယ်မြို့တွေက ပြည်သူတွေရဲ့ ဖိတ်ခေါ်မူကြောင့် အခုလို သွားရောက်ပြသတာလို့ သတင်းဓာတ်ပုံဆရာ ကိုဂျေပိုင်က ပြောပါတယ်။
မန္တလေးမှာလုပ်မယ့် ဓာတ်ပုံပြပွဲမှာတော့ သတင်းဓာတ်ပုံဆရာတွေရဲ့ ဓာတ်ပုံတွေအပြင် ကျောင်းသားသပိတ်ကို သရုပ်ဖော်ထားတဲ့ ပန်းချီနဲ့ ကာတွန်းတွေကိုပါ ၂ ရက်ကြာပြသသွားမှာပါ။