Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ရေး ပြည်သူမထိခိုက်သည့်နည်းကို ရွေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
May 24, 2015
assk6
assk5
assk4
assk3
assk2
assk1
assk
ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အချက်တွေကို ပြင်ဖို့ ပြည်သူတွေ မနစ်နာ၊ မထိခိုက်တဲ့ နည်းကို ရွေးချယ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ကချင်ပြည်နယ် ပူတာအိုမြို့မှာ မေလ ၂၃ ရက်နေ့က ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ပြောဆိုလိုက်တာပါ။ ဖွဲ့စည်းပုံ ပြင်ရေးကို ဥပဒေဘောင်အတွင်းက လုပ်မှာ ဖြစ်ပြီး ဆူပူလှုံ့ဆော် ဆန္ဒပြတဲ့နည်းနဲ့ မဟုတ်ဘဲ လုပ်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် အဖွဲ့ချုပ်အနေနဲ့ စဉ်းစားထားတာတွေကို ပြောသင့် ပြောထိုက်တဲ့အခါမှာ ပြောမယ်လို့ ဆိုပါတယ်။ ပူတာအို လူထုတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေက မေးမြန်းတဲ့ မေးခွန်းတွေကို ဖြေဆိုခဲ့ပြီး လက်ရှိ နိုင်ငံရေးအခြေအနေ၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။  

ဓာတ်ပုံ - NLD Chairperson

[gallery ids="94280,94281,94282,94283,94284,94285,94286"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024