ချင်းပြည်နယ် မိခင်နှင့်ကလေး အာဟာရချို့တဲ့မှု လျော့ကျရေး အစိုးရနှင့်ကုလ ပူးပေါင်းမည်
DVB
·
May 23, 2015
ချင်းပြည်နယ်အတွင်းရှိ မိခင်နဲ့ ကလေးငယ်တွေ အာဟာရချို့တဲ့မှုနှုန်းလျော့ကျစေရေး ပြည်နယ်အစိုးရ အဖွဲ့နဲ့ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်တို့ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ အထိ ၅ နှစ် စီမံကိန်းရေးဆွဲပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က ပြောပါတယ်။
"အသေးစိတ်အချက်အလက်တွေတော့ ရောက်မလာသေးပေမယ့် ပူးပေါင်းဆောင်ရွက်ဖို့တော့ ရှိနေပါတယ်။"
ကမ္ဘာ့ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ရဲ ၂၀၁၅ ခုနှစ် မေ ၅ ရက်နေ့ထုတ်ပြန်ချက်အရ ချင်းပြည်နယ်အတွင်းရှိ ကလေးငယ်တွေအနက် ၆ ရာခိုင်နှုန်းသာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိကြတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှာ အာဟာရချို့တဲ့မှု အနေနဲ့ အလေးချိန် ပေါင်စံချိန် မပြည့်တဲ့ ကလေးငယ် ၃၁ ရာခိုင်နှုန်း၊ ပုညှပ်သူ ၅၈ ရာခိုင်နှုန်း၊ ပိန်လှီသူ ၉ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။