ပင်လုံမြေတွင် တိုင်းရင်းသားလူငယ်များညီလာခံ ကျင်းပမည်
နန်းမြနဒီ
·
May 21, 2015
မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံကို ရှမ်းပြည်နယ် ပင်လုံမြေမှာ ရွေးကောက်ပွဲ မတိုင်ခင် ကျင်းပသွားဖို့ တိုင်းရင်းသားပေါင်းစုံ လူငယ်အဖွဲ့အစည်းတွေက စီစဉ်နေပါတယ်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ တအာင်း၊ ပအိုဝ်း၊ ဓနု၊ လားဟူ၊ အင်းသား၊ ထားဝယ် အစရှိတဲ့ တိုင်းရင်းသားလူငယ်အဖွဲ့အစည်း ၁၆ ဖွဲ့က ပြီးခဲ့တဲ့ မေလ ၁၇ နဲ့ ၁၈ နေ့တွေက ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးအပြီး ညီလာခံကျင်းပဖို့ ဆုံးဖြတ်ခဲ့တယ်လို့ လူငယ်ဦးဆောင်ကော်မတီအဖွဲ့ဝင် မိုင်းမျိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။
ပထမဆုံးအကြိမ် ကျင်းပမယ့် ပင်လုံမြေက ညီလာခံမှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အခြားသော တိုင်းရင်းသားလူငယ်အဖွဲ့တွေပါပါဝင်ဖို့လည်း ချိတ်ဆက်ဆောင်ရွက် သွားဖို့ရှိပြီး ညီလာခံကျင်းပခြင်းအားဖြင့် တိုင်းရင်းသားလူငယ်တွေအချင်းချင်း ယုံကြည်မှုပိုမို ရရှိပြီး ပြသနာတွေ ပူးပေါင်းဖြေရှင်းဖို့၊ ငြိမ်းချမ်းရေး၊ တန်းတူအခွင့်အရေးတွေ ရရှိရေးအတွက် ဆောင်ရွက်ရာမှာ လူငယ်တွေရဲ့ ဘုံသဘောတူညီချက်ေတွ ထွက်လာဖို့ ရည်ရွယ်တယ်လို့ မိုင်မျိုးအောင်က ပြောပါတယ်။
တိုင်းရင်းသားလူငယ်တွေဟာ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေေ တွေ့ဆုံဆွေးနွေး ခဲ့ပြီး တိုက်ပွဲတွေ ရပ်တံ့ဖို့၊ ပဋိပက္ခတွေကို ဆွေးနွေးညှိနှိုင်းခြင်းနဲ့ အဖြေရှာဖို့၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး စတဲ့အချက်တွေပါတဲ့ ကြေညာချက် တစာင် ထုတ်ပြန်ခဲ့ပါတယ်။