ဝင်းစိန်တောရ ဆရာတော် ရုပ်ကလာပ်ကို ပြည်သူများ လာရောက်ဖူးမြော်
DVB
·
April 27, 2015
မွန်ပြည်နယ် မုဒုံမြို့နယ် မြိုင်ကုန်းကျေးရွာက ရတနာတောင်ဝင်းစိန်တောရကျောင်းမှာ ရှိတဲ့ဆရာတော်ရုပ်ကလာပ်ကို ဧပြီ ၂၇ ရက်နေ့ ဒေသခံပြည်သူများ လာရောက်ဖူးမြော် ကြပါတယ်။
ကမ္ဘာ့အကြီဆုံးလျောင်းတော်မူဘုရားကြီးကို တည်ထားတဲ့ ၀င်းစိန်တောရ ဆရာတော် ဘဒ္ဒန္တကေသရ သည် ဧပြီ၂၆ ရက်နေ့ နေ့လည် ၁ နာရီခွဲမှာ ရန်ကုန်မြို့ အာရှတော်ဝင် အထူးကုဆေးရုံမှာ နှလုံးရောဂါနှင့် ပျံလွန်တော်မူခဲ့တာပါ။
ရန်ုကုန်မြို့မှာ ပျံလွန်တော်မူတာနဲ့တပြိုက်နက် ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ဆရာတော်သီတင်းသုံးတဲ့ ကျောင်းကို ပြန်လည်ပင့်ဆောင်ပြီးပူဇော်ထားပါတယ်။
ဓာတ်ပုံ - ကျော်စိုး
[gallery ids="90681,90682,90680,90679,90678,90677,90676"]