Home
မြန်မာသတင်း
Terminator ရုပ်ရှင်ကားထဲက စက်ရုပ်လို သတ္ထုအရည်ပျော်စက်ရုပ် တည်ဆောက်နိုင်တော့မည်
DVB
·
April 21, 2015
25.Liquid metal discovery paves way for shape-shifting robots
24.Liquid metal discovery paves way for shape-shifting robots
23.Liquid metal discovery paves way for shape-shifting robots
22.Liquid metal discovery paves way for shape-shifting robots
images
Terminator ရုပ်ရှင်ဇာတ်ကားထဲက T-1000 လို လိုသလိုပုံပြောင်းနိုင်တဲ့ သတ္ထုအရည်ပျော်စက်ရုပ် တည်ဆောက်နိုင်ဖို့ ခြေတစ်လှမ်းနီးကပ်လာပါပြီ။ ဒီအလွိုင်းသတ္ထုရည်တစ်စက်ဟာ သူ့ထဲကိုလျှပ်စစ် ဖြတ်စီးလိုက်တာနဲ့ ပုံပြောင်းပစ်နိုင်ပါတယ်။ ဒါပေမယ့် အလူမီနီယမ်သတ္ထုလွှာ ပေါင်းထည့်လိုက်ချိန် မှသာ ဒီလိုပုံပြောင်းနိုင်တဲ့အဖြစ်က သိပ္ပံပညာရှင်တွေအဖို့ တကယ့်ကို စိတ်လှုပ်ရှားစရာပါ။ သတ္ထုရည် က အလူမီနီယမ်ကို ၀ါးမျိုလိုက်တဲ့အခါ ဟိုက်ဒရိုဂျင်ပူဖောင်းတွေထွက်လာပြီး သတ္ထုရည်ကို အလို အလျောက် ရွေ့လျားနိုင်စေပါတယ်။ တကယ်တော့ သတ္ထုရည်ကို လောင်စာကျွေးလိုက်တဲ့သဘော ပါပဲ။ ဒီသုတေသနကိုဦးဆောင်သူကတော့ တရုတ်ဆင်ဟွာတက္ကသိုလ်က ပါမောက္ခလီယူဂျင်း ပဲဖြစ် ပါတယ်။ "ဒီယန္တရားမှာ နည်းစဉ် ၂ ခုပါပါတယ်။ တစ်ခုက ဟိုက်ဒရိုဂျင်လိုဓာတ်ငွေ့တွေကို ဖန်တီးဖို့ပါ။ ဒီဓာတ်ငွေ့တွေထဲကမှအချို့က ယန္တရားအတွက် တွန်းကန်အားကိုပေးပါတယ်။ နောက်ထပ် အရေးကြီး တဲ့အချက်က ဒီအလွိုင်းရဲ့နောက်က ထုတ်ပေးနေတဲ့လျှပ်စစ်ပါပဲ။ ဓာတ်ပြုမှုနဲ့ လျှပ်စစ်ထုတ်တဲ့ ဂယ်လ်ဗန်းနစ် ဘတ္တရီနဲ့ အတွင်းပိုင်းမှာ ဓာတ်အားထုတ်လုပ်ပေးပါတယ်။ ဒီလျှပ်စစ်က အချိုးမညီတဲ့ အသွင်နဲ့ သတ္ထုရည်ရဲ့မျက်နှာပြင်ကိုဆန့်ထုတ်ပေးတယ်။ ဒီအသွင်က သတ္ထုရည်အတွင်းမှာလှည့် ပတ်ပြီး ဒီလိုလှည့်ပတ်နေရင်းက သတ္ထုရည်ကို လိုရာအရပ်ကို အတိအကျရွေ့လျားစေတာပေါ့။" သုတေသနပညာရှင်တွေကတော့ ဒီနည်းပညာနဲ့ အလိုလိုရွေ့လျားနိုင်တဲ့ ကိရိယာတွေကို ဖန်တီးပြီး သွေးကြောတွင်းကို ဆေးတွေပို့လွှတ်နိုင်မှာမို့ ကုထုံးအမျိုးမျိုးကို ဆောင်ရွက်နိုင်တော့ မယ်လို့ ဆိုပါတယ်။ "လောလောဆယ်မှာ စက်ရုပ်တည်ဆောက်နိုင်ရုံပဲရှိတယ်ဆိုပေမယ့် သွေးကြောတွင်း ကုထုံးတွေမှာ သုံးနိုင်မှာပါ။ သွေးကြောတွင်းကုထုံးတွေအပြင် လေပြွန်တွင်းနဲ့ အစာခြေ လမ်းကြောင်းတွေမှာပါ အသုံးချနိုင်မှာပါ။ လိုအပ်တဲ့ဆေးအမယ်တွေကို လိုအပ်တဲ့အင်္ဂါဆီ အရောက်ပို့နိုင်လာမှာပါ။" သေမင်းတမန် Terminator စက်ရုပ်နဲ့ ယှဉ်ရင် မပြည့်စုံသေးဘူးဆိုပေမယ့် ဓာတုစွမ်းအင်ကနေ စက် စွမ်းအင်ကိုပြောင်းပေးနိုင်တဲ့သတ္ထုနဲ့ အရည်ပျော်စက်ရုပ်တွေကို တိုးတက်ထုတ်လုပ်လာ နိုင်မှာဖြစ်တယ်လို့ ဒီအဖွဲ့က ဆိုပါတယ်။ [gallery ids="90089,90090,90091,90092,90093"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024