"လက်ရှိ ပဋိပက္ခဖြေရှင်းမှုတွေဟာ ဥပဒေနဲ့အညီ ဖြစ်ရဲ့လား"- DVB DEBATE
DVB
·
March 23, 2015
“လက်ပံတန်းပွဲမှာ အစိုးရရော ကျောင်းသားပါ နှစ်ဖက်လုံးရှုံးတယ်။ ကျောင်းသားက မရှုမလှရှုံးတယ်၊ အစိုးရက မချိမဆန့်ရှုံးတယ်။ မိဘပြည်သူတွေလည်း ရင်နာရတယ်။”
ဦးအောင်စိုးဦး - ဥပဒေပညာရှင်၊ တရားလွှတ်တော်ရှေ့နေ
“လက်ပံတန်းမှာဖြစ်နေတဲ့ ကျောင်းသားထု၊ သပိတ်သည် မြန်မာတနိုင်ငံလုံးရဲ့ အနာပဲ”
ဦးကေဇော် - စာရေးဆရာ၊ ဆောင်းပါးရှင်
“ကျနော်ကတော့ သဘောမတူဘူး။ မှောင်အတိကျနေတဲ့ မြန်မာပြည်မှာ ကျောင်းသားသပိတ်က မီးအိမ်ဖြစ်တယ်၊ မီးရှူးတိုင်ဖြစ်တယ်။”
ဦးနေ၀င်း - ဖြိုးဖြိုးအောင်၏ ဖခင်
“ပွဲကြည့်သူတယောက်အနေနဲ့ သုံးသပ်ရရင် ကျောင်းသားတွေဘက်ကလဲ ရည်ရွယ်ချက် ဦးတည်ချက်တွေပြောင်းလာတယ် မူလအစရည်ရွယ်ချက်ဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေပြင်ဖို့အချက်ကနေ သပိတ်စစ်ကြောင်း ရန်ကုန်ရောက်ရေးဖြစ်လာတယ်. အစိုးရဘက်ကလဲ နိုင်ငံပိုင်မီဒီယာတွေကနေ သူတို့ရဲ့ အာဘော်တွေဖော်ပြပြီး အသံတိတ်တိုက်ခိုက်မှုတွေနဲ့ နှစ်ဖက်စလုံး တင်းလာတာ။”
ဦးကေဇော် - စာရေးဆရာ၊ ဆောင်းပါးရှင်
“ကျမတို့ ရန်ကုန်မှာနေတာ ကျမမိဘတွေ ရန်ကုန်မှာပါ။ ကျမတို့က ဘာလို့ ရန်ကုန်ဝင်လို့မရတာလဲ”
အိပုံ - ဗကသများအဖွဲ့ချုပ်
“ကျောင်းသားတွေမှာ လက်ကိုင်ထားရတာ သပိတ်လက်နက်တခုပဲ၊ ကျောင်းသားတွေဟာ သဘောထားပြောင်းတာမဟုတ်ဘူး။ ဆွေးနွေးပွဲမှာထိုင်နေတဲ့ ကော်မတီဝင် ၁၅ ဦးက တနိုင်ငံလုံးက ကျောင်းသားတွေပါတဲ့ သပိတ်စစ်ကြောင်းကို ဟပ်ချလောင်းဆိုပြီး ရပ်လို့မရဘူး”
ဒေါက်တာ ညိုညိုသင်း - ရန်ကန်တိုင်းဒေသကြီးလွှတ်တော်အမတ်
“ပုဒ်မ ၁၂၇၊ ၁၂၈ ဆိုတာဟာ ပြည်သူ့လုံခြုံရေးအရ လက်နက်ကိုင်မဟုတ်တဲ့ အမျိုးသား ၅ ဦးကို အကူအညီတောင်းခွင့်ရှိတယ်လို့ ပါတယ်။ ဒါပေမယ့် သူတို့ဟာ ကြိုတင်စုဆောင်းထားသူတွေ မဟုတ်ရပါဘူး။”
ဦးအောင်စိုးဦး - တရားလွှတ်တော်ရှေ့နေ၊ ဥပဒေပညာရှင်