
အမေရိကန်မေဂျာလိဂ်ဘောလုံးပြိုင်ပွဲရဲ့ အဆင့်အတန်တိုးတက်လာမှုက အံ့အားသင့်စရာကောင်း ကြောင်း အင်တာမိုင်ယာမီနောက်ခံလူ ယော်ဒီအယ်လ်ဘာက ပြောသွားပါတယ်။
မေဂျာလိဂ်ပြိုင်ပွဲရဲ့ ဘောလုံးအဆင့်အတန်း အလွန်ကြီးမားစွာ ဖွံ့ဖြိုးတိုးတက်လာပြီး အံ့အားသင့်စရာလည်း ကောင်းကြောင်း အယ်လ်ဘာက ပြောပါတယ်။
ကလပ်အသင်းတိုင်းက နာမည်ကြီးကစားသမားတွေခေါ်ယူကြသလို လူငယ်မျိုးဆက်သစ်တွေ ကိုလည်း ခေါ်ယူနေကြကြောင်း၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအရလည်း အလွန်ကောင်းမွန်တဲ့လိဂ်ပြိုင်ပွဲ တရပ်ဖြစ်ကြောင်း ယော်ဒီအယ်လ်ဘာက ပြောပါတယ်။
အယ်လ်ဘာဟာ မက်ဆီ၊ ဘူးကွက်စ်၊ ဆွာရက်ဇ်တို့လို ဘာစီလိုနာအသင်းသားဟောင်းတွေနဲ့အတူ မိုင်ယာမီအသင်းဆီ ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပြီး အခုနှစ်ရာသီအကုန်မှာ ကစားသမားဘဝကနေ အနားယူတော့မှာ ဖြစ်ပါတယ်။
Photo: Reuters




