
ယူနိုက်တက်ဂန္ထဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ်နဲ့ နှိုင်းယှဉ်ချီးကျူးဖိုက သက်သေပြစရာတွေ အများကြီး ကျန်ရှိနေသေးကြောင်း ဂိုးသမား ဆမ်နဲလမ်မန်စ်က ပြောသွားပါတယ်။
အသက် ၂၃ နှစ်ရှိ ဘယ်လ်ဂျီယံ ဂိုးသမားဟာ ယူနိုက်တက်ရဲ့ နောက်ဆုံး ၃ ပွဲဆက်တိုက် အနိုင်ရလဒ်ရရှိခဲ့ရာမှာ လက်စွမ်းကောင်းပြသနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချီးကျူးမှုလည်း လက်ခံရရှိထားသူပါ။
ပွဲကြည့်စင်ကနေ ရှမိုက်ကယ် ဝင်စားထားသလားဆိုတဲ့ အော်ဟစ်သံတွေကိုကြားသိရပေမဲ့ ရှမိုက်ကယ်လို ဂန္ထဝင် ဂိုးသမားတယောက်နဲ့ နိူင်းယှဉ်ချီးကျူးဖို့က သက်သေပြစရာတွေ အများကြီးရှိသေးကြောင်း လမ်မန်စ်က ပြောပါတယ်။
မန်ယူနိုက်တက်လိုအသင်းကြီးတသင်းမှာ လာကစားမယ်ဆိုရင် ဖိအားတွေအများကြီး ရှိတတ်ကြောင်းပြောကြပေမဲ့ အဲဒီဖိအားတွေကို ကြိုဆိုပြီး ကြောက်ရွှံ့မှုမရှိကြောင်း လမ်မန်စ်က ပြောသွားပါတယ်။
Photo: Reuters




