
ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းရဲ့ မယ်တော်ဖြစ်တဲ့ ထိုင်းမိဖုရားကြီး သီရိခေတ်ဟာ သက်တော် ၉၃ နှစ်အရွယ်မှာ နတ်ရွာစံသွားပြီဖြစ်ကြောင်း တော်ဝင်အိမ်တော်ဗျူရိုက အောက်တိုဘာ ၂၅ ရက်က ကြေညာပါတယ်။
ဘုရင်မကြီး သီရိခေတ်ဟာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၇ ရက်ကတည်းက ရောဂါဝေဒနာ များစွာကြောင့် ဆေးရုံတက်နေခဲ့ရတာဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်မှာတော့ သွေးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် ဖျားနာခဲ့ပါတယ်။
ဆရာဝန်တွေက ဆေးကုသမှုပေးဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ မိဖုရားကြီးရဲ့ အခြေအနေမှာ တဖြည်းဖြည်း ဆိုးရွားလာခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၄ ရက် ည ၉ နာရီ ၂၁ မိနစ်မှာတော့ ချူလာလောင်ကွန်ဆေးရုံမှာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း တော်ဝင်အိမ်တော်ဗျူရိုက အတည်ပြုပြောပါတယ်။
မိဖုရားကြီး သီရိခေတ်ဟာ ခင်ပွန်းဖြစ်သူ ကွယ်လွန်သူ ဘုရင် ဘူမိဘော အဒူလျာဒက်နဲ့အတူ ဘုရင်စနစ်ရဲ့ အာဏာနဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရှင်သန်စေဖို့ ဆယ်စုနှစ်များစွာကြာအောင် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။
လက်ရှိဘုရင် မဟာဗာဂျီရာလောင်ကွန်းရဲ့ မယ်တော် မိဖုရားကြီး သီရိခေတ်ဟာ ထိုင်းနိုင်ငံအတွက် မိခင်ပုဂ္ဂိုလ် တယောက်အဖြစ် တရားဝင်ဂုဏ်ပြုခံခဲ့ရပြီး သူ့မွေးနေ့ကို မိခင်များနေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
Source:Reuters




