
လာလီဂါ အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘာနေဗျူးကွင်းမှာ ကစားရတာ ဘာစီလိုနာအတွက် မခက်ဘူးလို့ ဘာကာတိုက်စစ်မှူး လမိုင်းယာမယ်လ်က ပြောလိုက်ပါတယ်။
မနက်ဖြန် ရီးရဲလ်အသင်းရဲ့ အိမ်ကွင်းမှာကစားမယ့် အယ်ကလက်စီကိုပွဲမတိုင်ခင် အင်တာဗျူးမှာ အဲဒီလိုပြောလိုက်တာပါ။
ဘာနေဗျူးမှာနောက်ဆုံးကစားခဲ့တဲ့ပွဲမှာ သူကိုယ်တိုင် ဂိုးသွင်းနိုင်ခဲ့သလို ဘာကာက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တယ်လို့ ယာမယ်လ်က အင်တာဗျူးမှာ ထည့်ပြောသွားပါတယ်။
ဒါအပြင် ရီးရဲလ်ကစားသမားတွေက အမြဲတမ်း ခိုးတာဝှက်တာနဲ့ စောဒကတက်တာပဲ လုပ်နေတာလို့ ထည့်ပြောသွားပါတယ်။
ဒီစကားဟာ မိုက်မဲပြီး လေးစားသမှုမရှိတဲ့စကားလို့ ရီးရဲလ်ကစားသမားတွေက မြင်ပြီး အသင်းခေါင်းဆောင် ကာဗာဟယ်လ်က အယ်ကလက်စီကိုပွဲအပြီးမှာ ယာမယ်လ်နဲ့ စကားပြောမယ်လို့ ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ပွဲကို မနက်ဖြန်ည မြန်မာစံတော်ချိန် ၉ နာရီ ၄၅ မိနစ်မှာ ဘာနေဗျူးကွင်းမှာ ကစားကြမှာဖြစ်ပါတယ်။
လက်ရှိ လာလီဂါ ပွဲစဉ် ၉ ပွဲ ကစားအပြီးမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းက ဇယားထိပ်မှာ ဦးဆောင်နေပြီး ဘာကာက ၂ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
Photo: Reuters




