
ဂျပန်အာဏာရပါတီက အသစ်ရွေးချယ်လိုက်တဲ့ ဥက္ကဋ္ဌ ဆာနဲတာကာအိချိက လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို ပြန်တည်ဆောက်ပြီး ပြည်သူတွေအတွက် သစ္စာရှိရှိ တောက်ပတဲ့ပါတီ ဖြစ်အောင် လုပ်ဆောင်မယ်လို့ အောက်တိုဘာ ၄ ရက်မှာ ကတိပြုလိုက်ပါတယ်။
တာကာအိချိက“ဒီအချိန်မှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ပုံရိပ်ကို နည်းနည်း ပြောင်းလဲလာအောင် ကျမလုပ်နိုင်တယ်လို့ ယုံကြည်ပါတယ်။ ပြည်သူတွေကို တောက်ပ၊ တက်ကြွမှုနဲ့ အပြုသဘောဆောင်ပြီး ဇောက်ချလုပ်ကိုင်တဲ့ပါတီကို ပြသနိုင်ဖို့ ဇွဲလုံ့လနဲ့ အစွမ်းကုန် လုပ်ဆောင် သွားပါ့မယ်” လို့ အနိုင်ရပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နောက်တက်မယ့် ဂျပန်ရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်နိုင်တဲ့ တာကာအိချိက အစိုးရနဲ့ ဗဟိုဘဏ်ဟာ လစာတိုးမြင့်မှုနဲ့ ကော်ပိုရိတ်အမြတ်အစွန်းတွေကို ကျောထောက်နောက်ခံပြုထားတဲ့ ၀ယ်လိုအား မောင်းနှင်တဲ့ ငွေကြေးဖောင်းပွမှုရစေဖို့ အစိုးရနဲ့ ဗဟိုဘဏ်တို့ အနီးကပ်လုပ်ဆောင်ရမယ်လို့ ပြောခဲ့ပါတယ်။
ကမ္ဘာ့စတုတ္ထ အင်အားအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံဟာ ငွေကြေးဖောင်းပွမှုကို ကြုံတွေ့နေရပေမဲ့ မကြာသေးမီက ကုန်ကြမ်းစျေးနှုန်းတွေ မြင့်တက်ခဲ့လို့ လုံး၀ ကမောက်ကမဖြစ်နေတယ်လို့ ကြေညာဖို့တော့ အချိန်မတန်သေးဘူးလို့ တာကာချိက ပြောပါတယ်။
ဂျပန်အခွန်ထမ်း ပြည်သူတွေ ကျောထောက်နောက်ခံပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အပြစ်ပေးတဲ့အနေနဲ့ ပြန်လည်လုပ်ဆောင်နိုင်ခြေကို ဆွေးနွေးဖို့ တင်ပြခဲ့တဲ့အတွက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ချခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်ကို ဂုဏ်ပြုဖို့ စီစဉ်ထားတယ်လို့လည်းပြောပါတယ်။
Source: Reuters