
ကလေး-တမူး အာရှကားလမ်းမကြီးနားက စစ်ရှောင် ၂ သောင်းကျော် ဟာ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အတွက် သက်ကြီးပိုင်းစစ်ရှောင်တွေ သေဆုံးမှု များလာနေပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်က အာရှကားလမ်းမကြီးဖြစ်တဲ့ ကလေး-တမူးကားလမ်းမကြီးဘက်ကို စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် အနီးနားဝန်းကျင်ကရွာတွေဖြစ်တဲ့ ထန်းတပင်၊ ပန်းသာ၊ ရန်ငြိမ်းအောင်၊ နန်းမွန်းတား၊ ခမိတ်၊ ခွန်မွန်းနွံ၊ အလှော်၊ ပွတ်သာ၊ ရန်လင်းဖိုင် စတဲ့ ကျေးရွာ ၁၀ ရွာက စ စ်ဘေးရှောင် ၂ သောင်းကျော်ထဲက သက်ကြီးပိုင်းတွေနဲ့ ကလေးတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတာပါ။
လက်ရှိထိုးစစ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျန်းမာရေးဆေးပေးခန်းတွေ ပိတ်ထားရတဲ့အပြင် ဒေသတွင်း ကုန်ကျစရိတ်မြင့်တက်မှုတွေနဲ့ အခွန်အခကြီးမြင့်မှုတွေကြောင့် သက်ကြီးပိုင်း စစ်ရှောင်တွေဟာ သာမာန်နေမကောင်းဖြစ်ရင်တောင် ဆေးကုသခွင့်မရတဲ့အတွက် အသက်ဆုံးရှုံးနေရတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေး သူငယ်ရေးရာ ဝန်ကြီးဌာနက တမူးမြို့နယ် တာဝန်ခံ ဒေါ် ခိုင်လေးက DVB ကို ပြောပါတယ်။
“နာမကျန်းဖြစ်ရုံနဲ့တင် ဆေးမကုနိုင်ပဲ သေဆုံးသွားတာမျိုးပါ။ အဓိက လူကြီးတွေပေါ့။ လူကြီးပိုင်း သေဆုံးမှုက ပြီးခဲ့တဲ့ မိုးရာသီအတွင်းမှာ များပါတယ်။ သေဆုံးသူစာရင်း အတိအကျရဖို့ ကျမတို့ ဒေတာကောက်နေပါတယ်။”
စစ်ရှောင်နေရတဲ့သူအများဟာ စစ်ရှောင်စခန်းတွေမှာ သွားရှောင်နေရတာမဟုတ်ဘဲ နီးစပ်ရာ တောတောင်တွေထဲ နဲ့ ရွာအပြင်ဘက်တွေမှာ ကြုံသလို နေနေရတဲ့အတွက်က လေးသူငယ်တွေမှာ ဝမ်းပျက်ရော၈ါတွေ ခံစားနေရပြီး သက်လတ်ပိုင်း အမျိုးသမီးတွေမှာတော့ အမျိုးသမီးသုံး လစဥ်သုံးပစည်းတွေ ဈေးမြင့်တက်နေတဲ့အတွက် ဝယ်မသုံးနိုင်တဲ့အထိ ကြုံနေရတယ်လို့ ဆိုပါတယ်။
ဒေါ်ခိုင်လေး - တမူးမြို့နယ်တာဝန်ခံ (အမျိုးသမီး၊လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာန) က “ကလေးတွေမှာက မိုးရာသီ ဝမ်းပျက်ဝမ်းလျောဖြစ်နေလို့ ကျန်းမာရေးအဖွဲ့တွေ သွားကုပေးနေရတာတော့ ရှိတယ်။ ကုန်ကျစရိတ်ကြီးတာတွေ၊ အခွန်တွေနဲ့က ပုံမှန်ဆေးကုသဖို့ မလုပ်နိုင်ကြဘူးလေ။ အဲ့ကြောင့် အသက်တွေ ဆုံးရှုံးနေရတာ။ အမျိုးသမီးတွေမှာဆိုလည်း ဈေးကြီးလို့ လစဥ်သုံးကိုတောင် မသုံးနိုင်တဲ့ အမျိုးသမီးတွေရှိတယ်။ ကျန်းမာရေးပိုင်းကတော့ တော်တော်အားနည်းနေတယ်။ ကာကွယ်ဆေးထိုးမှုဆိုလည်း စိုးမိုးနယ်မြေအတွင်း မရှိသလောက်ပါပဲ” လို့ ပြောပါတယ်။
လက်ရှိ ကလေး-တမူးကားလမ်းပိုင်းက စစ်ကြောင်းထပ်ထိုးလာလို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအထိ နှစ်လကျော်အတွင်း စစ်ရှောင်နေရတဲ့ ဒေသခံ ၂ သောင်းကျော်ဟာ ဆေးဝါးနဲ့ပတ်သက်ပြီး အကူညီတွေလိုအပ်နေသလို စားနပ်ရိက္ခာပိုင်း မလုံလောက်မှုကလည်း စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပါတယ်။
မောရစ်