
အသင်းလူစာရင်းမှာ မပါဝင်တဲ့ တောင်ပံတိုက်စစ်ကစားသမား စတာလင်နဲ့ နောက်ခံလူ ဒီဆာဆီ တို့ကို အသုံးပြုမှာမဟုတ်ကြောင်း ချဲလ်ဆီးနည်းပြမာရက်စ်ကာက ပြောပါတယ်။
နည်းပြမာရက်စ်ကာဟာ ရာသီကြိုလေ့ကျင်ရေးပြုလုပ်စဉ်ကတည်းက အသင်းအတွက် အသုံးမပြုလိုတော့တဲ့ ကစားသမားတွေကို အသင်းလူစာရင်းကနေ ဖယ်ရှားခဲ့ပြီး သီးခြားလေ့ကျင့်စေခဲ့တာပါ။
အဲဒီကစားသမားတွေထဲမှာ စတာလင်အပါအဝင် နောက်ခံလူတွေဖြစ်တဲ့ ဒီဆာဆီနဲ့ ဗစ်ဂါ တို့လည်း ပါဝင်ပါတယ်။
အဆိုပါကစားသမားတွေအနေနဲ့ အသင်းပြောင်းရွှေ့ခြင်းမရှိခဲ့ကြပေမဲ့ သီးခြားလေ့ကျင့်နေတာ ကြောင့် အသင်းဆီကို ပြန်လည်ခေါ်ယူပြီး အသုံးပြုသွားဖို့မရှိကြောင်း နည်းပြ မာရက်စ်ကာက ပြောပါတယ်။
နာမည်ကြီး ကစားသမားဖြစ်သူ စတာလင်ဟာ တပတ်လုပ်ခပေါင် ၃ သိန်းနဲ့ အသင်းရဲ့ လုပ်ခအများဆုံးကစားသမားဖြစ်ပြီး ၂ နှစ်စာချုပ်ကျန်ရှိနေသေးတာဖြစ်ပါတယ်။
Photo: Reuters