
ချဲလ်ဆီးတိုက်စစ်မှူးသစ်ဒလက်ဖ်ဟာ ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ် ၁၂ ပွဲလောက်လွဲချော် မယ်လို့သိရပါတယ်။
ဒလက်ဖ်ဟာ ဖူဟမ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာကြောင့် စောစောစီးစီး လူစားလဲခံခဲ့ရတာပါ။
ဒဏ်ရာအခြေအနေကို အသေးစိတ် စစ်ဆေးခဲ့ပြီးနောက် အနည်းဆုံး ၆ ပတ်ကနေ ၈ ပတ်အထိ အနားယူရနိုင်ပြီး အသင်းရဲ့ ပွဲစဉ် ၁၂ ပွဲလောက်ကိုလည်း လွဲချော်မယ်လို့ သိရပါတယ်။
ဒါ့အပြင် ပေါ်တူဂီယူ-၂၁ အတွက်ကစားရင်း ပေါင်ခြံဒဏ်ရာရခဲ့တဲ့ လူငယ်တိုက်စစ်ကစားသမား ဒါရီယိုအက်စ်ဆူဂိုဟာလည်း တလလောက် အနားယူမယ်လို့ သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ နီကိုလပ်ဂျက်ဆင်ကိုလည်း ဘိုင်ယန်အသင်းဆီအငှားချထားတာကြောင့် ဘရာဇီးတိုက်စစ်မှူး ဂျာအိုပတ်ဒရိုကိုပဲ အားကိုးအားထားပြုသွားရဖို့ရှိပါတယ်။
Photo: Reuters