Home
မြန်မာသတင်း
မြို့နယ် ၁၀၀ ခန့်တွင် Rice Export Zone  များ ဖော်ဆောင်ရန်စီစဉ်
DVB
·
August 30, 2025

၂၀၂၅-၂၆ နွေစပါးရာသီကစပြီး မြို့နယ် ၁၀၀ လောက်မှာ Rice Export Zone တွေ ဖော်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်ပကို ဆန်တင်ပို့နေတဲ့ကုမ္ပဏီတွေနဲ့ တောင်သူတွေပူးပေါင်းပြီး ကန်ထရိုက်လယ်ယာကို  Rice Export Zone အဖြစ်နဲ့ ကုမ္ပဏီ ၅၀ ကျော်က ဧက ၃ သိန်းလောက်အထိ စိုက်ပျိုးဖို့ ရည်မှန်းထားတယ်လို့  အသင်းချုပ်က ဆိုပါတယ်။

ပြည်ပပို့ ဆန်နဲ့ဆန်ကွဲ  ၄ တန်ရှိရင် Export Zone တဧကနှုန်း ရည်မှန်းစိုက်ပျိုးထုတ်လုပ်မယ်လို့ သိရပါတယ်။

ဇုန်အတွင်းမှာ ပြည်ပတင်ပို့တဲ့ စပါးမျိုးကိုကို သတ်မှတ်စိုက်ပျိုးမှာဖြစ်ပြီး သွင်းအားစုကုန်ကျစရိတ် လျော့ကျပြီး အထွက်နှုန်းတိုးမယ့် နည်းလမ်း‌တွေနဲ့ စိုက်ပျိုးထုတ်လုပ်သွားမယ်လို့လည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Zone တခုမှာ မျိုးကွဲ ၃ မျိုးထက်မပိုဘဲ အနည်းဆုံး ဧက ၃၀၀ စိုက်ပျိုးမှာဖြစ်ပြီး သဘာဝနဲ့ ဇီဝမြေဩဇာကိုပဲ အသုံးပြုမယ်လို့ သိရပါတယ်။

ဒါ့အပြင် အသင်းချုပ်ရဲ့ အဆိုအရ ပြည်ပကိုဆန်တင်ပို့သူတွေနဲ့ Export Zone အတွင်းပါဝင်တဲ့ တောင်သူတွေဆီကနေ တွက်ခြေကိုက်မယ့်ဈေးနှုန်းနဲ့ ပြန်လည်ဝယ်ယူပေးရမှာဖြစ်သလို တောင်သူတွေ ကန်ထရိုက်စနစ်နဲ့  အနည်းဆုံး ၃ ရာသီ ပူးပေါင်းစိုက်ပျိုးရမယ်လို့ ဆိုပါတယ်။

တောင်သူတွေအတွက် လယ်ယာမြေအဆင့်မြှင့်တင်ရေး၊ စိုက်ပျိုးစရိတ်ထောက်ပံ့ငွေ ပိုရရှိရေး စတာတွေကိုလည်း စီစဉ်ပေးမှာဖြစ်ပြီး  ပြည်ပကိုဆန်တင်ပို့သူတွေအတွက်လည်း နိုင်ငံတကာစျေးကွက်ရရှိရေးနဲ့ Export Financing ရရှိရေးကိစ္စတွေကို  ဆောင်ရွက်ပေးသွားမယ် လို့လည်း အသင်းချုပ်ရဲ့  ထုတ်ပြန်ထားချက်အရ သိရပါတယ်။

လက်ရှိ နိုင်ငံတကာ ဈေးကွက်မှာတော့ ဝယ်လိုအားနဲ့အတူ ဆန်ဈေးနှုန်းတွေ တောက်လျှောက် ကျဆင်းနေသလို ပြည်တွင်းဆန်စပါးဈေးကွက်မှာလည်း ဝယ်လိုအားနည်းပြီး စပါးဈေး ကျဆင်းနေတာကြောင့် လယ်သမား‌တွေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024