
မနေ့က ထိုးသတ်ခဲ့တဲ့ One championship မွေထိုင်းဝှေ့ပွဲ strawweight တန်းမှာ မြန်မာကစားသမား သွေးလင်းထက်က ထိုင်းလက်ဝှေ့သမား ချော့ပရီချာကို ဒိုင်ပွဲရပ်နဲ့အနိုင်ရသွားပါတယ်။
ပထမအချီကတည်းက သွေးလင်းထက်ရဲ့ လက်သီးချက်ကြောင့် ချော့ပရီချာ ဖင်ထိုင်ကျခဲ့သလို အမှတ်စဉ်လည်း ရေတွက်ခံခဲ့ရပါတယ်။
ဒုတိယအချီ ၁ မိနစ် ၁၅ စက္ကန့်မှာတော့ သွေးလင်းထက်ရဲ့ ဒူးပျံနဲ့ တံတောင်ရိုက်ချက် ဆက်တိုက်ထိခဲ့ပြီး ချောပရီချာ လဲကျခဲ့လို့ ဒိုင်က ပြိုင်ပွဲကိုရပ်ပြီး သွေးလင်းထက်ကို အနိုင်ပေးလိုက်တာပါ။
ဒါက ၂၀၂၅ ခုနှစ်အတွက် One Championship ပွဲစဉ်တွေမှာ ထိုးသတ်သမျှပွဲအားလုံးနိုင်နေတဲ့ သွေးလင်းထက်ရဲ့ ၄ ပွဲဆက် နိုင်ပွဲဖြစ်ပါတယ်။
သွေးလင်းထက်ဟာ One Championship မှာ မွေထိုင်းလက်ဝှေ့ပွဲ ၆ ပွဲထိုးသတ်ထားပြီး ၅ ပွဲနိုင် ၁ ပွဲ ရှုံးထားပါတယ်။