Home
မြန်မာသတင်း
ဗိုလ်တထောင်တွင် လေဆင်နှာမောင်းတိုက်ခတ်၊ ကွန်တိန်နာယာဉ်အချို့ တိမ်းမှောက်
DVB
·
July 24, 2025
Container4_24072025
Container3_24072025
Container2_24072025
Container1_24072025

ရန်ကုန်တိုင်း  ဗိုလ်တထောင်မြို့နယ် စည်ပင်ဝင်းမှာ ဒီကနေ့ ဇူလိုင် ၂၄ ရက် မနက် လေဆင်နှာမောင်းတိုက်ခတ်တာကြောင့် ကွန်တိန်နာယာဉ်အချို့ တိမ်းမှောက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အချိန်ခဏလေးအတွင်းမှာ တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် စည်ပင်ဝင်းအတွင်းမှာရှိတဲ့ ကွန်တိန်နာယာဥ်အချို့ တိမ်းမှောက်ပြီး ပျက်စီးတွေတာရှိပေမဲ့ လူထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“လေက အတော်ပြင်းတာ ကြောက်ဖို့ကောင်းတယ်။ ကွန်တိန်နာကားတွေ  ၅ စီး၊ ၆ စီးလောက် လဲကျတယ်။ လူတွေပိပြီး မသေတာပဲ ကံကောင်းတာ။ 

အလားတူပင် ဒီကနေ့ မနက် ၇ နာရီက  ဒလမြို့၊ သမ္မတကမ်းခြေရပ်ကွက်ရှိ ကူးတို့ဆိပ်မှာ ခရီးသည် ၁၀ ယောက် တင်ဆောင်လာတဲ့ စက်လှေတစီး မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နစ်မြုပ်ကာ ခရီးသည် ၈ ယောက် ပြန်တွေ့ခဲ့ပေမဲ့ စက်လှေမောင်းသူ နဲ့ ခရီးသည် ၂ ယောက်ကိုတော့ အခုထိ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေကြပါတယ်။

ဒီကနေ့ မနက် ရန်ကုန်တိုင်းမှာ မိုးသည်းထန်စွာရွာပြီး လေပြင်တိုက်ခိုက်မှုကြောင့် မှော်ဘီ၊ ဒေါပုံ၊ ဒလ၊ မင်္ဂလာဒုံ၊ ရန်ကင်း၊ သာကေတ၊ ဒဂုံဆိပ်ကမ်း နဲ့ သန်လျင်မြို့နယ်မှာ သစ်ပင်တွေလဲကျတာ၊ နေအိမ်တွေ အမိုးလန်ပျက်စီးတာတွေ ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024