
ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်ထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ ဓာတ်လိုက်ခံရပြီး သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဇူလိုင် ၂၁ ရက် ညနေ ၆ နာရီလောက်က ပထုန်ဌာနီမြို့ ဘန်ခယိုင်ရပ်ကွက် ဝပ်တလတ်တိုက်ဘုန်းကြီး ကျောင်းရှေ့မှာ ဆောက်လုပ်ရေးအလုပ်သမား ၂ ယောက် ဓာတ်လိုက်ခံရကြောင်း အကြောင်းကြား ချက်ရတဲ့အတွက် လူနာတင်ယာဉ်နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ပတ်ခလောင်းရန်းဆစ် နယ်မြေရဲစခန်း တာဝန်ကျအမျိုးသမီးရဲအရာရှိက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာမှ ဘုန်းကြီးကျောင်းရှေ့ရှိ တာတမံဆောက်လုပ်ရေးလုပ်ငန်းခွင်ဖြစ်ပြီး လူ ၂ ဦး သတိမေ့ပြီးလဲကျနေတယ၊ ကယ်ဆယ်ရေးအဖွဲ့တွေက ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုခဲ့ကြပေမဲ့လည်း မကြာခင်အချိန်တွင်း ဆုံးပါးသွားခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူ ၂ ဦးမှာ မြန်မာအလုပ်သမား နိုင်ဦး (၄၂ နှစ်) နဲ့ အောင်မင်းထက် (၂၀ နှစ်) တို့ဖြစ်တယ်၊ ဒီမတိုင်ခင် သူတို့ ၂ ယောက်ဟာ ဆောက်လက်စ တာတမံမှာ ဝိုင်ယာကြိုးဆက်စဉ် ရေထဲပြုတ်ကျသံကြားရတယ်၊ လုပ်ဖော်ကိုင်ဘက်တွေ သွားကြည့်တော့ တယောက်က ရေနစ်နေပြီး နောက်တယောက်က ရေစပ်အနီးမှာလဲကျနေတယ်၊ အလုပ်သမားတွေက သူတို့ ၂ ယောက်ကို ကမ်းပေါ်သယ်ဆောင်လာပြီး တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့တယ်၊ ဓာတ်လိုက်ခံရတာလို့ ဆွေမျိုးတော်စပ်သူက ပြောပါတယ်။
သေဆုံးသူ ၂ ဦးရဲ့ ခန္ဓာကိုယ်မှာ အခြားဒဏ်ရာတွေ မတွေ့ရဘူး၊ ဒါပေမဲ့ ဓာတ်ခွဲစစ်ဆေးဖို့ ဆေးရုံကို ပို့ထားတယ်၊ တဘက်ကလည်း အလုပ်ရှင်ကိုခေါပြီး လုပ်ငန်းခွင်ရဲ့ ချို့ယွင်းချက်တွေ စစ်ဆေးကြည့် ရှုနေတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
ကိုးကား - Pracha Thai / Matichon News